မေးလ်ထဲက အားပါတဲ့စာတွေ

3D And Fantasy Girls (49) (click to view)

ဘ၀ကြင်ယာဖေါ် ရွေးချယ်နည်း (ရယ်စရာလေးပါပဲ)

” အနှစ်လို အချစ်ပိုချင်ရင် *စစ်ဗိုလ် *ကိုစဉ်းစားပါ ”

” ကညာမွန် အညာလွန် ချင်ရင် *ဆ၇ာဝန်* ကိုရွေးပါ ”

” ရင်ခွင်လွှာမှာ အကြင်နာပါရင် *အင်ဂျင်နီယာ *ကို ထည့်တွက်ပါ ”

” အကြောင်းအရာပေါ် ကောင်းရာမျှော်ချင်၇င် *ကျောင်းဆ၇ာ* ကတော် လုပ်ပါ ”

” ပြည်သူ့ ထဲ ငြူ ဆူအမြဲ ဖြစ်နေ၇င် *ပြည်သူ့ ၇ဲ* တောင်မစဉ်းစားနဲ့ ”

” အချစ်များပြီး ပြစ်ထားမယ်ဆိုရင် *စစ်သား* ကို လည်း မယူနဲ့ ”

” အပြတ်ဖြေဖျော် လာဘ်လာဘ မျှော်၇င် *နတ်ကတော်* လည်းမရွေးနဲ့ ”

” အစဉ်အမြဲသိမ်း ၇င်ထဲထိန်းချင်၇င် *ယာဉ်ထိန်းရဲ *ကိုလည်းမစဉ်းစားနဲ “့

” ကုန်တာမှိုင် လို၇ာမပိုင်၇၇င် *companyပိုင်၇ှင် လည်း အလျှော့မပေးနဲ့ ”

” အဖြီးအပြတ်လှော် မီးသတ်မတော်၇င်* မီးသတ်* *ကတော်လည်း မလုပ်နဲ့ ”

” ၇မက်တပ်၇စ် အ၇က်မပြတ်ကစ်၇င် *လက်မှတ်စစ်* ကို လည်း မစဉ်းစားနဲ့ ”

” ၇တက်ဖြစ်အေ၇း လက်ဖက်ရည် ကစ်ေ၇း ဆို၇င် *ဆက်သွယ်ေ၇း *ကောင်လည်း မရွေးနဲ့ ”့ 

” ယမင်းအပျော်ထား အတင်းပျော်အား နေ၇င် *သဘောင်္သား** *ကိုလည်းေ၇ှာင်ပါ ”

” ရှာသမျှ ကုန်မယ်ဆို၇င် ကညာမကျ တဲ့ ပါသမျှ *ကုန်သည် * ကိုလည်းမစဉ်းစားနဲ့ ”

” မယားမပြတ်မော. အနားကပ်လျော့၇င် *ကားဝပ်ေ၇ှာ** *့ဆ၇ာလည်း မရွေးနဲ့”

“နောင်မပူ ပြီးစီးမယ်ဆို၇င် *တောင်သူဦးကြီး *များကို စဉ်းစားပါ့”

Original link is here: http://multiply.com/gi/chinatowngal:journal:35
…………………………………………………………………………………………….

3D And Fantasy Girls (51) (click to view)

စီးပွားရေးပညာရှင်က ကျောင်းသားတယောက်ကိုမေးတယ်
“စီးပွားရေးတခုကို စတင်ဖို့ အရင်းအနှီးကိုဘယ်ကရတာလဲ?”
ကျောင်းသားက ပြန်ဖြေပါတယ်
“ယောက္ခမ”

…………………………………………………………………………………………………………….

Similarity

3D And Fantasy Girls (101) (click to view)

Do u know similarity between Dinosaurs and Decent Girls?
Both don’t exist.

ကောင်မလေး : ” ဒီဆိုင်မှာ velantine’s day အတွက် love cards တွေရှိလား”
ဆိုင်ရှင် : ” “တဦးတည်းသောချစ်သူအတွက်” ဆိုတဲ့ ဒီ card လေးရော”
ကောင်မလေး : “မဆိုးဘူး ဒီcardမျိုး ဆယ်ခုလောက်ပေးပါ”

A baby fish asked her mother: why can’t we live on earth?
Mother Fish: Earth is not the place for FISH, it’s made for selfish.

………………………………………………………………………………………..

သူငယ်ချင်းဖတ်ဖို.

3D And Fantasy Girls (82) (click to view)

(၁) “ငါ မဆိုးဘူး” လို့ ကိုယ့်ကို တနေ့တခါ ပြောပေးပါ။

(၂) ဒေါသထွက်တယ် ဆိုတာ တခြားလူရဲ့ အမှားကို ယူပြီး ကိုယ့်ကို အပြစ်
ပေးနေတာပဲ။

(၃) ဘ၀မှာ သူငယ်ချင်းဆိုတာ မရှိရင် ဘ၀မှာ နေရောင်ခြည်ဆိုတာ မရှိဘူး။

(၄) မနက်ဖြန်အတွက် မျှော်လင့်ချက်ဟာ ဒီနေ့ရဲ့ နာကျင် ၀မ်းနည်းမှုကို မေ့
စေတယ်။

(၅) အိပ်မက်၊ စိတ်ကူးနဲ့ အတွေးတွေ မရှိတဲ့ ဘ၀ဟာ အကိုင်း၊ အခက်၊ အ
ရွက်မရှိတဲ့ သစ်ခြောက်ပင်နဲ့ တူတယ်။

(၆) နေကပဲ အလင်းဖြာနိုင်တာ မဟုတ်ပါဘူး။ ငါတို့လဲ အလင်း ဖြာနိုင်ပါ
တယ်။

(၇) ချစ်ခြင်းမေတ္တာနဲ့ တကမ္ဘာလုံးကို ပိုင်ဆိုင် စေနိုင်သလို အမုန်းရန်ငြိုးနဲ့
တကမ္ဘာလုံးကို ဆုံးရှုံးစေနိုင်တယ်။

(၈) လူ့တန်ဖိုး ဆိုတာ ဖြားယောင်း မြူဆွယ်ခံရတဲ့ တခဏမှာ အဆုံးအဖြတ်
ပေးလိမ့်မယ်။

(၉) ကြင်နာမှု မရှိတဲ့ စကားလုံးတိုင်းဟာ အရသာ ကင်းမဲ့လှတယ်။

(၁၀) တခါခါ အချစ်ရဲ့ အင်အားဟာ အရာရာကို မေ့စေနိုင်အောင် ကြီးမား
တယ်။ တခါခါ မနာလို ၀န်တိုမှုဆိုတဲ့ သဲလေး တပွင့်တောင် ၀င်မဆန့်နိုင်
အောင် သေးငယ်တယ်။

(၁၁) ဘယ်အချိန်မှာ စတင်ခဲ့တာပဲ ဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီး
နောက် မရပ်နားဖို့ပါပဲ။ ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီး နောက် နောင်တ မရဖို့ပါပဲ။

(၁၂) ပျင်းရိခြင်းသည် လူရဲ့ အသိဥာဏ်ကို သံချေး တက်စေပါတယ်။

(၁၃) ပျော်ရွှင်ခြင်း ဆိုတာကို မျှဝေတတ်ရမယ်။ ဒါမှ ပျော်ရွှင်ခြင်းတွေ ဆင့်
ပွားလိမ့်မယ်။

(၁၄) လိမ်လည်မှုတွေထဲမှာ ကိုယ့်ကိုယ်ကို လိမ်တာဟာ အဆိုးဆုံးပဲ။

(၁၅) လူတွေဟာ လက်ရှိပိုင်ဆိုင်တဲ့ အရာကို မေ့ပြီး မရသေးတဲ့ အရာကိုမှ
ပိုတန်ဖိုး ထားတတ်တယ်။

(၁၆) အရာရာကို အောင်နိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို အောင်နိုင်တာနဲ့ နိုင်းရင်
မဖြစ်စလောက်လေးပါ။

(၁၇) အရာရာကို ဆုံးရှုံးတယ်ဆိုတာ ကိုယ့်ကိုယ်ကို ဆုံးရှုံးတဲ့ အရှုံးနဲ့
နိုင်းရင် မ
ဖြစ်စလောက်လေးပါ။

(၁၈) ဦးတည်ရာ မပျောက်ခဲ့ရင် ကိုယ့်ကိုယ်ကို မဆုံးရှုံးတော့ဘူး။

(၁၉) နေ့သစ်ကိုကြိုတဲ့ သီချင်းတွေ ဆိုခဲ့ဖူးရင် အမှောင်ကိုလဲ ပွေ့ဖက်ရဲရမယ်။

(၂၀) ပျံသန်းနိုင်တဲ့ အချိန်မှာ ပျံသန်းခြင်းကို လက်မလွှတ်ပါနဲ့။
အိပ်မက် မက်နိုင်တဲ့ အချိန်မှာ အိပ်မက်ကို လက်မလွှတ်ပါနဲ့။
အချစ်ကို ခံစားမိတဲ့ အချိန်မှာ အချစ်ကို လက်မလွှတ်ပါနဲ့။
ဘ၀ဆိုတာ တိုတောင်းလွန်းပါတယ်။ ဒီနေ့ လက်လွှတ်လိုက်ရင် မနက်ဖြန် ပြန်
ရမယ်လို့ မပြောနိုင်ပါဘူး။

(၂၁) လောကမှာ အပင်ပန်းဆုံးအရာဟာ မရေမရာနဲ့ ဘ၀ကို ဖြတ်သန်းနေခြင်း
ပါပဲ။

(၂၂) လူ့ဘ၀ရဲ့ အကြီးမားဆုံး အမှားဟာ “အမှားကိုများ လုပ်လိုက်မိပြီလား” လို့
အမြဲ စိုးရိမ်ပူပန်နေတဲ့ စိတ်ပါပဲ။

(၂၃) လုပ်မယ်၊ မလုပ်ဘူးဆိုတဲ့ ရွေးခြယ်မှု နှစ်ခုမှာ မလုပ်ဘူးဆိုတာကို ရွေးချယ်
လိုက်ရင် သင့်အတွက် အခွင့်အရေးဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး။

(၂၄) လုံးဝ ပြီးပြည့်စုံတဲ့ သူငယ်ချင်းမျိုးကို သင်လိုချင်ရင် ဒီတသက် သင် သူငယ်
ချင်းရှိတော့မှာ မဟုတ်ဘူး။

(၂၅) အမုန်းနောင်တ နည်းနည်းနဲ့ အတိတ်ကို ထားခဲ့ပါ။
ဖြုန်းတီးမှု နည်းနည်းနဲ့ ပစ္စုပ္ပန်မှာ နေထိုင်ပါ။
အိပ်မက် များများနဲ့ အနာဂတ်ကို ကြိုဆိုပါ။

(၂၆) ကိုယ့်ကို လူတုံး၊ လူအလို့ သဘောထားပြီး မသိတာရှိရင် မေးပါ။ ဒါမှ သင်
များများတတ်မယ်။ (ပညာရှာပမာ သူဖုန်းစား)

(၂၇) နေရောင်ရှိတဲ့ ဘက်ကိုပဲ မျက်နှာမှုရင် အရိပ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။

(၂၈) အရှုံးနဲ့ ရင်ဆိုင်ရမှာကို ကြောက်ပြီး မလုပ်ခဲ့ရင် အောင်မြင်မှုဆိုတာ ဘယ်
တော့မှ ရှိတော့မှာ မဟုတ်ဘူး။

(၂၉) သတ္တိရှိတယ်ဆိုတိုင်း ကြောက်ရွံ့ခြင်း မရှိတာ မဟုတ်ပါဘူး။ ကြောက်ရွံ့ခြင်း
ကို ရင်ဆိုင်ရဲမှ၊ ဖြေရှင်းရဲမှ သတ္တိရှိတာပါ။

(၃၀) လူတွေ မသိမိုက်မဲတာကို ဘုရားသခင်က ဘယ်တော့မှ အပြစ်မယူခဲ့ဘူး။
လူတွေကသာ ဘုရားသခင်ကို မသင့်မြတ်ဘူးလို့ ပြောကြတာပါ။

(၃၁) အရာဝတ္ထု တခုတိုင်းကို ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။

……………………………………………………………………………………………

အချစ်နဲ့ခင်မင်မှု ရဲ့ စကားပြောခြင်း

Cutie Kittie Cat (5) (click to view)

တစ်ရက် အချစ်က ခင်မင်မှု နဲ့ တွေ့တော့ ” ဒီကမ္ဘာမှာ ငါရှိနေပြီပဲ နင်ဘာလို့ရှိနေသေးတာလဲ”

ခင်မင်မှုက ရီပြီး

“အချစ်က လူကို မျက်ရည်ကျစေပြီး ခင်မင်မှုကတော့ မျက်ရည်တွေကို သုတ်ပေးတယ်…

တစ်ခါတစ်ရံ မင်းအတွက် စိတ်ပူတယ်၊ ဂရုစိုက်တယ်၊ ပျော်အောင်လုပ်ပေးတယ်၊ ဖြူစင်တဲ့မေတ္တာနဲ့ ပါ….. နာကျင်ခံစားနေချိန်မှာ ငါ့ကို ရင်ဖွင့်လို့ရတယ်…. သူသာတယ်ကိုယ်နာတယ်ဆိုတာ မရှိဘဲ ခေါ်ချင်တဲ့ အချိန်မှာ ခေါ်လို့ရတယ်…. ဖျားနာရင်လည်း အကြောင်းကြားလိုက်ပါ… ဘာပဲလုပ်လုပ် မမေ့ပါနဲ့ သူငယ်ချင်းဆိုတဲ့အတွက်ကြောင့်ပါ… ဒီလောက်တင်လုံလောက်ပါပြီ…………………”
………………………………………………………………………………………………………………….

3D And Fantasy Girls (97) (click to view)

လူတစ်ယောက်ကိုချစ်ရတာ

> လူတွေဟာ အချစ်ကိုပုံစံအမျိုးမျိုးနဲ့ အဓိပ္ပါယ်ဖွင့်တတ်ကြပါတယ်။ ”
> လူတစ်ယောက်ကိုချစ်ရတာ ပျော်ဖို့ကောင်းတယ်။ သူ့ဆီက ဘာမှမလိုချင်ဘူး။
> သူ့ကိုချစ်နေရရင် ကျေနပ်ပါပြီ ” လို့ ပြောနေကြတဲ့ သူ တွေရှိသလို ”
> သူ့အချစ်ကြောင့် မွန်းကျပ်ရပါတယ်။ လွတ်မြောက်ခွင့်ပေးပါတော့” လို့
> တောင်းဆို နေကြတဲ့ သူတွေလည်း ရှိကြပါတယ်။ တစ်ချို့ကြတော့ ” မဟုတ်ဘူး …
> အဲ့ဒီအချစ်တွေကြောင့် ငါ့ဘ၀ကြီးတစ်ခု လုံး ပြန်ပြီးအဖတ်ဆယ်မရအောင်
> စုတ်ပြတ်သတ်သွားတာ ဒါကြောင့် အချစ်ကို မုန်းတယ် ” လို့ ခါးခါးသီးသီး
> ပြောကြပြန်တယ်။ ” အချစ်စစ်ဆိုတာ လောကကြီးမှာ ဘယ်တော့မှ မရှိ
> နိုင်တဲ့အရာမို့လို့ လုံးဝမယုံကြည်ဘူး ” လို့ ပြောတဲ့သူတွေလည်း
> ရှိပြန်ပါတယ်။ အနည်းစုသော ပုဂ္ဂိုလ်များကတော့ ”
> အခုလိုထိပ်ဆုံးရောက်လာတာ အချစ်ကြောင့်ပါ ” တဲ့လေ။ အချစ်ကြောင့် အရာရာကို
> ရင်ဆိုင်ရဲသွားတဲ့သူတွေရှိသလို အချစ်ကြောင့်ဘ၀ဆုံးတဲ့သူတွေလည်း ရှိပါ
> တယ်။ အချစ်ကြောင့် ဂုဏ်တတ်ရသလို အချစ်ကြောင့် ဂုဏ်ပျက်ရတဲ့သူတွေဟာလည်း
> ဒီကမ္ဘာကြီးပေါ် မှာ ထုနဲ့ထည်နဲ့ရှိပါတယ်။ အဲ့လိုမျိုး လူတစ်ယောက်ကို
> ဘ၀တစ်ခုလုံးနဲ့ချီပြီး ကိုင်လှုပ်နိုင်တဲ့ အချစ်ဆို တဲ့အရာကြီးက
> ဘယ်လိုပုံစံမျိုးရှိလဲ. . . အ၀ိုင်းလား. . . လေးထောင့်လား. . . ပူသလား. .
> . အေးသ လား. . . ဘယ်လိုအရောင်ရှိပြီး ဘယ်လိုရနံရှိလဲ. . .
> အဲ့ဒီလိုအရောင်မရှိ၊ အနံမရှိ၊ ပုံသဏ္ဍာန်မရှိလို့ လက်ဆုပ်လက်ကိုင်လဲ
> ပြလို့မရနိုင်တဲ့ စိတ္တဇနာမ် သက်သက် အချစ်ဆိုတဲ့အရာကြောင့်ပဲ
> လူတွေဟာငိုကြ၊ ရယ်ကြ၊ ဒေါသဖြစ်ကြ၊ အမုန်းတွေ ပွားကြ ရတယ်။
> အဲ့ဒီလိုဘယ်လိုမှ လက်ဆုပ်လက်ကိုပြလို့မရ၊ Definition ဖွင့်လို့မရတဲ့
> အချစ်ဆိုတဲ့အရာ ကြောင့် လူတွေကိုအချိန်ကုန်မခံစေချင်ဘူး။ အထူးသဖြင့်
> ချစ်သူရည်းစားရှိမှ အပေါင်းအသင်း၊ သူငယ် ချင်းတွေကြားမှာ
> မျက်နှာမငယ်ဖြစ်ရမယ်လို့ အထင်မှားနေကြတဲ့ ၁၈၊ ၁၉ အရွယ်လူငယ်တွေကို ရည်
> ရွယ်ချင်တာပါ။ သေချာတွေးစေချင်ပါတယ်။ လူတစ်ယောက်ကို ကိုယ်ကချစ်မှ
> ကိုယ့်ကိုလူတစ်ယောက်(ဆန့်ကျင် ဘက်လိင်) ကချစ်မှ ဖြစ်မယ်လို့
> မတွေးစေချင်ပါဘူး။ အဲ့ဒီလိုမျိုးသူတွေကို လက်ဆုပ်လက်ကိုင်ပြနိုင်မှ
> ချစ်သူရှိတာမဟုတ်ပါဘူး။ တကယ်တမ်းတော့ ကိုယ့်ကိုအချစ်စစ်နဲ့
> ချစ်တဲ့ချစ်သူတွေက ကိုယ့်ဘေးနား မှာ အဆင်သင့်ရှိနေပြီးသားပါ။
> ကိုယ်ကအဝေးကြီးကို ငေးကြည့်နေမိတော့ ကိုယ့်ဘေးကချစ်သူကို မတွေ့ကြဘူးပေါ့။
> ဒီနေရာမှာပြောချင်တဲ့ ချစ်သူဆိုတာက ကိုယ်အခက်အခဲတွေ့လာတဲ့အခါတိုင်း
> ကိုယ်စိတ်ပျက်အားငယ်နေတဲ့အခါတွေတိုင်း
> အားပေးနှစ်သိမ့်လမ်းညွှန်ပြသပေးတတ်သလို အရာရာ တိုင်းမှာ ကိုယ့်ရှေ့ကနေ
> တံတိုင်းတစ်ခုလို မားမားမတ်မတ်ရပ်တည်ပေးတတ်ကြတဲ့ မိဘနဲ့ ညီအစ်ကို
> မောင်နှမတွေပဲလေ။ သူတို့တတွေဟာ ကိုယ့်ဘ၀အတွက်တော့ ထာဝရချစ်သူတွေဆိုတာကို
> ဘယ်လိုမှ ငြင်းလို့မရနိုင်ပါဘူး။ အားလုံးလည်း သိကြမယ်ထင်ပါတယ်။
> အချစ်ချင်းတူပေမယ့် ၅၂၈ နဲ့ ၁၅၀၀ ရဲ့အပူဒီဂရီ ကွာခြားပုံ ကိုလေ။ ၅၂၈
> အပူချိန်က ပူတယ်ဆိုပေမယ့် နေသာထိုင်သာရှိရုံ ခပ်နွေးနွေးလေးရယ်. . . ၁၅၀၀
> က တော့ ပြောမနေနဲ့ အဆုံးစွန်ထိလောင်မြိုက်ခြင်းပါပဲ။ ဒီတော့
> ဒီဂဏန်းနှစ်ခုကြားက ကွာခြားချက်ကို ကြည့်ရုံနဲ့ ဘယ်အပူချိန်ဟာ
> ကိုယ့်အတွက်အပူသက်သာနိုင်မလဲဆိုတာ သိနိုင်တာကြောင့် ၁၅၀၀ နဲ့ ပတ်သက်လာရင်
> မျှော်လင့်ချက်တွေ တအားထားပြီး မခံစားစေချင်ဘူး။ တကယ်တော့ အချစ်ဆိုတဲ့အ
> ရာဟာ ဘ၀ကြီးတစ်ခုလုံးနဲ့နှိုင်းစာရင် ဘာမှမပြောပလောက်တဲ့ Atom
> တစ်ခုစာလောက်ပဲ ရှိပါတယ်။ ဒီတော့အချစ်နဲ့ပတ်သက်လာရင်
> လူတိုင်းကိုမခံစားစေချင်ဘူးဆိုပေမယ့် ကျွန်မအပါအ၀င် လူတိုင်းဟာ
> ပိုးဖလံမျိုးဆိုတော့လဲ. . .
>
>………………………………………………………………………………………………………….

ကြောင်ကလေး တစ်ကောင်

3D And Fantasy Girls (21) (click to view)

ကြောင်ကလေး တစ်ကောင်ဟာ တစ်နေ့ထက်တစ်နေ့ ကြီးပြင်းလာခဲ့တယ်။ တစ်နေ့မှာ ကြောင်မေမေက ကြောင်ကလေးကို ခေါ်ပြီး “သား ကြီးပြင်းလာပြီနော်.. နောက် ၃ ရက်ကြာရင် မေမေရဲ့နို့ကို သားမစို့ရတော့ဘူး။ ကိုယ်တိုင် အစာသွားရှာရမယ်” လို့ မှာတယ်။

ကြောင်မေမေ စကားကြားတော့ ကြောင်ကလေးက အထိတ်တလန့် ” မေမေ ဘယ်လိုအစာမျိုးကို သားရှာရမလဲ?” လို့ မေးတယ်။

“ဘယ်လိုအစာမျိုးကို စားရမလဲဆိုတာ ချက်ချင်းကြီး မေမေလည်း ပြောမပြတတ်ဘူး။ မေမေတို့ ဘိုးဘေးတွေ ထားခဲ့တဲ့နည်းကိုပဲ အရင်အသုံးပြုကြတာပေါ့။ ပထမဦးဆုံး ညရောက်ရင် လူနေအိမ် ခေါင်မိုးပေါ်မှာ သားသွားပုန်းနေပါ။ နောက် ထပ်ခိုးပေါ်မှာ၊ သေတ္တာဘေးမှာ၊ အိုးဘေးတွေမှာ သားသွားပုန်းနေပြီး လူတွေပြောတဲ့ စကားကို သေချာနားထောင်ပါ။ သားအလိုလိုနေရင်း အစာရှာတတ်သွားပါလိမ့်မယ်” လို့ ကြောင်မေမေက မှာတယ်။

ပထမညမှာ ကြောင်ကလေးဟာ ထပ်ခိုးမှာ သွားပုန်းနေပြီး ကလေးလေးကို မှာနေတဲ့ လူကြီးတစ်ယောက်ရဲ့ စကားတွေကို နားထောင်ခဲ့တယ်။ “သား.. ငါးနဲ့နွားနို့ကို ရေခဲသေတ္တာထဲ သေချာသိမ်းထားနော်၊ ကြောင်တွေက ငါးနဲ့နွားနို့ကို အရမ်းကြိုက်တယ်”

ဒုတိယညမှာ ကြောင်ကလေးဟာ အိုးဘေးကနေ မိန်းမကြီးတစ်ဦးရဲ့ စကားကို နားထောင်ခဲ့တယ်။ “အသားခြောက်နဲ့ ဝက်အူချောင်းတွေကို သေချာသိမ်းနော်။ ကြက်ကိုလည်း သေချာလှောင်ထားဦး.. ကြောင်ခိုးစားလိုက်မယ်”

တတိယညမှာ ကြောင်ကလေးဟာ ခေါင်မိုးပေါ်ကနေ သမီးကို ဆူနေတဲ့ ဘေးအိမ်က မိန်းမကြီးစကားကို နားထောင်ခဲ့တယ်။ “ငါးနဲ့ နို့ခြောက်တွေ ကြောင်စားလို့ကုန်ပြီ မဟုတ်လား? သေချာသိမ်းထားပါလို့ မှာထားရက်နဲ့.. ကြောင်တွေက အနံ့ခံကောင်းကြတယ်။ မုန့်တွေကိုလည်း သေချာသိမ်းထားဦး။ မနက်ကျရင် စားဖို့ မကျန်ဘဲနေဦးမယ်”

ဒီလိုနဲ့ ၃ရက်မြောက်တဲ့နေ့မှာ ကြောင်ကလေးဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြောင်မေမေကို လာတွေ့ခဲ့တယ်။ ပြီးတော့ ” မေမေ.. မေမေစကားအတိုင်းပဲ လူတွေပြောတာကိုပဲ သား သေချာနားထောင်ခဲ့တယ်။ သား ဘာစားသင့်သလဲဆိုတာကို လူတွေက နေ့တိုင်းသားကို သင်ပေးတယ်” လို့ ပြောခဲ့တယ်။

နားထောင်ခြင်းပညာနဲ့ လူတွေပြောတာကို အရင်နားထောင်ပြီး ဘဝမှာ ကျွမ်းကျင်ဖို့အတွက် လေ့လာသင်ယူခဲ့တယ်။ ကြောင်ကလေးဟာ တဖြေးဖြေး ကိုယ်လိုချင်တဲ့ အစားအစာကို ရှာယူနိုင်ခဲ့တယ်။

“တစ်ခြားလူပြောတဲ့ စကားကို သေသေချာချာ အရင်နားထောင်ပါ။ သူတို့ရဲ့စကားက ကိုယ့်ကို တဖြေးဖြေး သင်ယူသွားလိမ့်မယ်”

လူ့ဘဝမှာလည်း ဒီလိုပါပဲ။ တစ်ချို့အချိန်တွေမှာ တစ်ခြားလူတွေက ကိုယ့်ကို တကူးတက လာသင်ပေး၊ ပြပေးမှာ မဟုတ်ဘူး။ ကိုယ်သင်ချင်၊ တတ်ချင်တယ်ဆိုရင် လူများပြောတာကို များများနားထောင်၊ လူများလုပ်တာကို များများကြည့်ပြီး သင်ယူတတ်ရမယ်။
………………………………………………………………………………………………………………………………..

ဘ၀ဆိုတာ တိုတိုလေးပါ။

3D And Fantasy Girls (76) (click to view)

သတ်မှတ်ချက်တွေကို ချိုးဖျက်လိုက်ပါ။
မြန်မြန်ဆန်ဆန် ခွင့်လွှတ်ပါ။
စစ်မှန်စွာ ချစ်ပါ။
ရယ်ရယ်မောမော အမြဲနေပါ။
ဘယ်တော့မှ ပြုံးနေတာကို ရပ်မပစ်လိုက်ပါနဲ့။
ဘ၀ဆိုတာ ဘယ်လောက်ပဲ ထူးဆန်းပါစေ ကိုယ်တို့ မျှော်လင့်တဲ့ ပျော်စရာပွဲတစ်ခုတော့ အမြဲမဟုတ်ပါဘူး။
ဒါပေမယ့် ကိုယ်တို့ (အသက်ရှိထင်ရှား) ရှိနေသရွေ့ ပြုံးပြုံးရွှင်ရွှင်နဲ့ ၀မ်းသာနေသင့်ပါတယ်။

အချက်ပေးသံ

နိုင်ငံတကာ ကုမ္ပဏီကြီးတစ်ခုမှာပေါ့…

ညနေ လေးနာရီ ၀န်ထမ်းအားလုံး (အယောက် ၅၀၀၀ လောက်) ရုံးထဲရှိနေချိန်မှာ မီးဘေးအချက်ပေးသံက ရုတ်တရက် ထမြည်လာပါတယ်။ လေ့ကျင့်ထားတဲ့ ထုံးစံအတိုင်း ရုံးတစ်ရုံးလုံးက လူတွေကို ၃ မိနစ်အတွင်း ဘေးလွတ်ရာကို ရွှေ့ပြောင်းစေလိုက်ပါတယ်။ အားလုံးလည်း သတ်မှတ်ထားတဲ့နေရာမှာ စုဝေးနေပြီး နောက်ထပ်ကြေညာမယ့်အသံကို နားစွင့်နေကြပါတယ်။

အဲဒီအချိန်မှာ တာဝန်ရှိလုံခြုံရေးဝန်ထမ်းက အောက်ပါ ကြေညာချက်ကို ကြေညာလိုက်ပါတယ်…

“ဝန်ထမ်းများ ခင်များ….. စိတ်မကောင်းခြင်းကြီးစွာနဲ့ ကျွန်တော် ကြေညာရမှာကတော့ မိတ်ဆွေတို့တွေထဲက အတော်များများအတွက် ဒီအရေးပေါ်မီးသတ်လေ့ကျင့်ခန်းဟာ နောက်ဆုံးဖြစ်တယ် ဆိုတာပါပဲ။ ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် ကုမ္ပဏီဟာ ဝန်ထမ်း ၅၀% ရာခိုင်နှုန်းကို လျော့ချလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကြေညာချက်ပြီးတာနဲ့ အားလုံးပဲ အဆောင်အအုံထဲကို ပြန်ဝင်ကြည့်ပြီး ကိုယ့်ရဲ့ဝင်ခွင့်ကဒ်ကို စက်က လက်မခံတော့ဘူးဆိုရင် မိတ်ဆွေဟာ ဝန်ထမ်းလျော့ချတဲ့အထဲမှာ ပါဝင်ပြီး အထဲကို ဝင်ခွင့်ပေးတော့မှာ မဟုတ်ပါဘူး။ ကိုယ်ပိုင်ပစ္စည်းတွေကိုလည်း မနက်ဖြန် မိတ်ဆွေဆီကို အရောက်ပို့ပေးမှာ ဖြစ်ပါတယ်။

ဒီနည်းလမ်းသစ်ကို သုံးရတဲ့ အကြောင်းရင်းတွေကတော့ ကုမ္ပဏီရဲ့ Email Account တွေထဲမှာ အလုပ်ကရပ်စဲတဲ့စာတွေ၊ ထောင်နဲ့ချီတဲ့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နှုတ်ဆက်ခွဲခွာတဲ့စာတွေနဲ့ ပြည့်လျှံမသွားစေချင်သလို၊ ရုံးတွင်းမှာလည်း (အထုတ်ခံရသူနဲ့ ကျန်နေသူတို့ရဲ့) ရန်ပွဲတွေ နဲ့ အဲဒီ့ နောက်ဆက်တွဲအနေနဲ့ ထိခိုက်လာနိုင်တဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက်ပဲ ဖြစ်ပါတယ်။

အားလုံးလည်း ကုမ္ပဏီအတွက် အလုပ်လုပ်ခဲ့တဲ့ လုပ်သက်တလျှောက်မှာ စိတ်ကျေနပ်စေမှုရတဲ့ အလုပ်အကိုင် ဖြစ်ခဲ့လိမ့်မယ်လို့ မျှော်လင့်သလို ရှေ့လျှောက်ခရီးအတွက်လည်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

အဆောက်အအုံထဲကို ပြန်ဝင်ပြီး ကိုယ့်ရဲ့ကံကြမ္မာကို စမ်းသပ်နိုင်ကြပါပြီ ခင်ဗျာ…”

လမ်းပေါ်က တယောသံ

ဝါရှင်တန်ဒီစီရဲ့ မြေအောက်မီးရထားဘူတာ တစ်ခုထဲမှာ လူတစ်ယောက် ထိုင်ပြီး တယောကို စတီးပါတယ်။ အေးမြတဲ့ ဇန်န၀ါရီမနက်ခင်းတစ်ခုမှာပေါ့…

သူဟာ ဘက်စ် (ဂျာမန်ဂီတပညာရှင်) ရဲ့ သံစဉ် ၆ပုဒ်ကို ၄၅ မိနစ်ကြာလောက် တီးနေပါတယ်။ တီးနေတဲ့အချိန်ဟာ အားလုံး အလျင်လိုနေတဲ့ ရုံးတက်ချိန် ဖြစ်တာကြောင့် ထောင်နဲ့ချီတဲ့ ရုံးသွားသူတွေဟာ ဘူတာထဲမှာ သွားလာနေကြတယ်လို့ တွက်ချက်ခန့်မှန်းလို့ ရပါတယ်။

သုံးမိနစ်အကြာမှာ လူလတ်ပိုင်းအရွယ် လူတစ်ယောက်က တယောသမားတစ်ယောက် တီးနေတယ်ဆိုတာ စသတိထားမိပါတယ်။ သူက လမ်းလျှောက်တာကို နှေးလိုက်ပြီး စက္ကန့်အနည်းငယ်ကြာ ရပ်နေရင်းကနေ ချက်ချင်းပဲ သူ့အချိန်ဇယားအတိုင်း နောက်မကျအောင် အလောတကြီး ထွက်သွားပါတယ်။

နောက်တစ်မိနစ်အကြာမှာတော့ တယောဆရာဟာ သူ့ရဲ့ ပထမဆုံး ၁ဒေါ်လာကို ရလိုက်ပါတယ်။ အမျိုးသမီးတစ်ယောက်က ပိုက်ဆံကို ခွက်ထဲကို လှမ်းပစ်ပေးပြီး လမ်းလျှောက်တာကို မရပ်ဘဲ ဆက်လျှောက်သွားတာပါ။

မိနစ်အနည်းငယ် ကြာပြန်တော့ လူတစ်ယောက်က နံရံကိုမှီပြီး သူတီးနေတာကို လာနားထောင်နေပါတယ်။ ဒါပေမယ့် အဲဒီလူလည်း နာရီကိုကြည့်လိုက်ပြီး ထွက်သွားပြန်ပါတယ်။ သူရုံးနောက်ကျနေပါပြီ။

တယောဆရာကို အာရုံအစိုက်ဆုံးက ၃ နှစ်အရွယ် ကလေးတစ်ယောက်ပါ။ သူ့အမေဖြစ်သူက သူ့ကို သာသာလေး တွန်းရင်း အလျင်စလို ခေါ်နေပေမယ့် ကလေးက ရပ်ပြီး ကြည့်နေပါတယ်။ နောက်ဆုံး သူ့အမေက ခပ်ဆတ်ဆတ်လေး တွန်းလိုက်မှ နောက်ကို လှည့်ကြည့်လှည့်ကြည့်နဲ့ ဆက်လျှောက်သွားပါတယ်။ သူ့လိုမျိုး တခြားကလေး တချို့လည်း ပြုမူကြပေမယ့် မိဘတွေကတော့ သူတို့ကို ဆက်လျှောက်ဖို့ တွန်းရင်း ခေါ်သွားကြတာ ချည်းပါပဲ။

တယောဆရာတီးနေတဲ့ ၄၅ မိနစ်အတွင်းမှာ စုစုပေါင်း လူခြောက်ယောက်ကပဲ ခဏရပ်ပြီး နားထောင်ကြပါတယ်။ လူအယောက် ၂၀ လောက်က သူ့ကို ပိုက်ဆံပေးပေမယ့် မရပ်ဘဲ သူတို့ လျှောက်နေတဲ့နှုန်းအတိုင်း ဆက်လျှောက်သွားကြတာပါပဲ။ သူ ၃၂ ဒေါ်လာ လောက်ရလိုက်ပါတယ်။ သူတီးတာကို အဆုံးသတ်လိုက်တဲ့ အချိန်မှာတော့ တိတ်ဆိတ်မှုကသာ ကြီးစိုးသွားပြီး ဘယ်သူကမှ သတိမထားမိပါဘူး။ ဘယ်သူကမှ လက်ခုပ်မတီးသလို အသိအမှတ်တောင် မပြုကြပါဘူး။

လူတွေ မသိလိုက်တဲ့အချက်ကတော့ အဲဒီတယောဆရာဟာ ကမ္ဘာ့အတော်ဆုံး ဂီတပညာရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ Joshua Bell ဖြစ်တယ် ဆိုတာပါပဲ။ သူဟာ ဒေါ်လာ၃.၅သန်းတန် အင်မတန်အနုစိတ်ပညာသားပါတဲ့ တယောသံစဉ်ကို တီးခဲ့သူတစ်ယောက်ပါ။

မြေအောက်ရထားဘူတာမှာ မတီးခင် နှစ်ရက်အလိုတုန်းက ဘော့စတန်က ပြဇာတ်ရုံထဲမှာ လုပ်ခဲ့တဲ့ သူ့ရဲ့ပွဲဟာ လက်မှတ်အကုန်ကုန်ခဲ့ပြီး ခုံတွေရဲ့ ဈေးနှုန်းဟာ ပျမ်းမျှ ဒေါ်လာ ၁၀၀ လောက် ရှိပါတယ်တဲ့။

ဒါတကယ့်အဖြစ်အပျက် တစ်ခုပါ။ လူတွေရဲ့ ရှုမြင်ပုံ၊ အကြိုက် နဲ့ ဦးစားပေးမှုတွေကို လက်တွေ့စမ်းသပ်ကြည့်ဖို့အတွက် ဝါရှင်တန်ပို့စ်က Joshua Bell မြေအောင်မီးရထားဘူတာထဲမှာ ရုပ်ဖျက်ပြီး တယောတီးဖို့ကို စီစဉ်ခဲ့တာပါ။ အနှစ်ချုပ်ပြောချင်တာကတော့ ~ သာမာန်နေရာတစ်ခုမှာ… ပြီးတော့ မသင့်တော်တဲ့ အချိန်မှာ လူတွေဟာ အလှတရားတွေကို သတိပြုမိကြရဲ့လား? အဲဒါကို အသိအမှတ်ပြု ခံစားဖို့ အချိန်ယူ ရပ်တန့်ကြရဲ့လား? မျှော်လင့်မထားတဲ့ အရာတွေဆီက ထူးခြားတဲ့ အရည်အသွေးတွေကိုရော သတိထားမိကြရဲ့လား?

ဒီအတွေ့အကြုံကနေ ကောက်ချက်ချနိုင်တာတွေထဲက တစ်ခုကတော့ ~ ကမ္ဘာ့အတော်ဆုံး ဂီတပညာရှင်တစ်ယောက်က ကမ္ဘာ့အကောင်းဆုံးသံစဉ်တွေကို တီးနေတာကို ရပ်နားထောင်ပြီး ခံစားဖို့ အခိုက်အတန့်လေးတောင် မရှိဘူးဆိုမှတော့… ကိုယ်တို့ ဘာတွေကိုများ ဘယ်လောက် လက်လွတ်ခဲ့ကြပြီလဲ…?

………………………………………………………………………………………………………………………

သဲ နှင့် ကျောက်တုံး

3D And Fantasy Girls (17) (click to view)

တနေ့သောအခါ လူငယ်လေး သူငယ်ချင်း နှစ်ယောက် ဟာ သဲကန္တာရ တခုကို ဖြတ်ပြီး
လှမ်း လျှောက် ခရီး ထွက်လာကြ တယ်။ ခရီး တနေရာ အရောက် မှာ သူတို့နှစ်ယောက်
ဟာ စကားများ ပြီး ရန်ထဖြစ် ကြတော့ တယ်။ အဲဒီလို ဖြစ် ကြ တဲ့အခါမှာ
သူငယ်ချင်း တယောက်က နောက်တယောက်ရဲ့ ပါး ကို ထ ထိုး လိုက် တယ်။ အထိုးခံ
ရတဲ့ လူငယ်လေးဟာ တော်တော်လေး နာသွား ပြီး စကားဘာမှ ပြန်မပြောဘဲ သူဟာ
သဲပြင်ပေါ်မှာ ဒီ လို ရေး ချ လိုက် တယ်။ ” ယနေ့ ငါ့အခင်ဆုံး သူငယ်ချင်း
င့ါကိုထိုး၏။ ”
အဲလိုနဲ့ သူတို့နှစ်ယောက်ဟာ သဲကန္တာရ မှာ ရှိ တဲ့ စိမ်း လန်း စိုပြေပြီး
မြေသြဇာ ကောင်း တဲ့ နေ ရာ ကို ရောက်တဲ့အထိလှမ်း ဆက် လျှောက် လာ ကျ ပြီး၊
အဲဒီမှာ ခြေ လက် သန့် စင် တ ထောက် နားဘို့ ဆုံးဖြတ် လိုက် ကြတယ်။ အဲဒီ
မှာ အထိုး ခံရ တဲ့ လူငယ် လေး ဟာ အခန့် မ သင့် ဘဲ နွံ နှစ်ပြီး နွံထဲ က
ရုန်း မထွက်နိုင်ဘဲ သေလုမြောပါး ဖြစ် နေခဲ့ တယ်။ ထိုး လိုက်တဲ့
သူငယ်ချင်းက သေမယ့် ဘေး က ကယ်လိုက်ပြန်တယ်။ သေဘေး ကလွှတ်လာပြီး ပုံမှန်
အနေ အထား ကိုရောက်လာတဲ့ အခါ မှာ၊ သူဟာ ကျောက်တုံး ကြီး တစ်ခု ပေါ်မှာ
နောက်တ ဖန် ရေး လိုက် ပြန်တယ်။ ” ယနေ့ ငါ့ အခင်ဆုံး သူ ငယ် ချင်း ငါ့
အသက် ကို ကယ်ခဲ့၏။ ”
အဲဒီလက် သီး နဲ့ ထိုး လဲ ထိုး၊ ကယ်လဲကယ် ခဲ့ တဲ့ သူငယ်ချင်း က မေး
လိုက်တယ်။” ငါ မင်း ကို နာကျင်အောင် လုတ်တဲ့ အခါတုန်း က မင်း ဟာ
သဲပြင်ပေါ်မှာ ရေး ခဲ့တယ်။ အခု လဲ မင်း ရေး ကျောက် တုန်း ပေါ်မှာ ရေး
ပြန်ပြီး။ ဒါ တွေဟာ ဘာ ကြောင့်လဲ။”
သူ့ သူငယ်ချင်း က သူ့ကို ဒီလို ပြန် ဖြေ ခဲ့တယ်။ ” သူငယ်ချင်း ရေ…
တစုံတယောက် က မင်း ကို နာကျင် အောင် ပြုလုပ်တဲ့ အခါမှာ၊ မင်း ရဲ့
တုန့်ပြန် မှုတွေက ခွင့်လွှတ်ခြင်း တွေ ပါတဲ့ လေ ရဲ့ပယ်ဖျက်ခြင်း
ကိုခံရမယ့် သဲပြင် ပေါ်မှာ ရေး ထား တဲ့ စာ သား တွေ လို မင်း လဲ ဘဲ သူတို့
မကောင်း တာ တွေ ကို လေ တွေ လို အ လွယ် တ ကူ ပြယ် ဖျက် သင့်တယ်။ ဒါပေ မယ့်
တစုံတယောက် က မင်း ကို ကောင်း တာ တွေ လုပ် ပေး တဲ့ အခါမှာ တော့ လေ တွေ အ
လွယ် တကူ မ ဖျက်နိုင်တဲ့ ကျောက်တုံး ပေါ်မှာ မင်း မှတ်တမ်း တင် ရေး သား
ထား သင့်တယ်။”

(အဲဒီလို ဘဲ ကျွန်တော်တို့ ရဲ့ နာကျင်မှု့တွေ နဲ့ နာ ကျည်း မှု့တွေ ကို သဲ
ပေါ်မှာ ရေး ထား တဲ့ စာ တွေ လို ဘဲ ရေး တတ်အောင် ကြိုး စား သင့်သလို
ကျွန်တော်တို့ အတွက်ကောင်း ကျိုး ဖြစ် စေမယ့် အ ရာတွေကို တော့ ကျောက်တုံး
တွေပေါ်မှာ မှတ်တမ်း တင် ကြရအောင် လား ဗျာ။ )

ဒီအကြောင်း လေး ကို တော့ တော်တော်များ များ သိကြ ဖတ်ဖူးကြ မယ်လို့ထင် ပါ
တယ်။ အနှစ်သာရ အရမ်း ရှိတဲ့အကြောင်း ပါ။ ဒါကြောင့်ဘာသာပြန်ပြီး ဝေမျှ
ခြင်း သက်သက် တာဖြစ် ပါတယ်။
………………………………………………………………………………………………………..

အချစ်နဲ့ ပက်သက်လာရင်

3D And Fantasy Girls (92) (click to view)

အချစ်နဲ့ ပက်သက်လာရင် ကိုယ်ရဲ့ခွန်အားတွေဆိုတာဟာ
(A)ရာဝတီတိုင်းမှာ မွှေနှောက်တိုက်ခတ်သွားတဲ့ နာဂစ်ဆိုင်ကလုန်းလေမုန် တိုင်းလို ကြီးမားပါရဲ့ မေရယ်…..။မေ့ရဲ့ ပတ်ဝန်းကျင်မှာ ..
(B)လူး၊ဂုမ္ဘာန် ၀န်းရံစောင့်ကြပ်နေအုံးတော့၊ ကိုယ် ဘာလို့ မှုနေရမှာလဲ ..ဟင်း ..ဟင်း ..၀ီစကီထဲ
(C) ပလပ်ရောစပ်ပြီးဆတ်ခနဲ မော့ချလိုက်ရင်း ရန်စွယ်တွေမှန်သမျှ အန္တရာဃ်တွေဟူသမျှကို ဟော
(D)ကောင်ဖြေရှင်းသုတ်သင်ပြပါမယ်
မေ။ တကယ်တော့ ကိုယ်ဟာ မေနဲ့ပက်သက်လာခဲ့ရင် အင်မတန်မှ စွဲလမ်းစိတ်ကြီးမားတဲ့သူပါမေရယ်၊

ဘယ်လောက်တောင်မေ့အပေါ် စွဲ လမ်းသလဲဆိုတော့ မေအမှတ်မထင် လွှတ်ထုတ်လိုက်တဲ့
(E) သံကလေးကိုတောင် အာရုံထဲမှာ စွဲငြိနေပါ သေးတယ်၊ဘာပဲဖြစ်ဖြစ်ကိုယ့်အဖို့တော့

ကြင်နာသူက လမ်းခွဲသွားရင် ကိုယ့်အသည်းတစ်ခုလုံး
(F) ကွဲကြေမွသွား မှာသေချာပါတယ်မေ၊ မေရယ် ကိုယ်မေတ္တာကို တုံ့ပြန်ပေးပါ။ ကိုယ့်ကို ချစ်ခွင့်ပေးပါ၊

ကိုယ်မြတ်နိုးတဲ့ ပန်းကလေးရဲ့ ရနံ့ကို ပိုင်ပိုင်နှိင်နှိင် ရှိုက်နမ်း မွှေးကြူခွင့်ပြုပါ။

သည်လိုတောင်းဆိုလိုက်တာတွေနဲ့ ပက်သက်လို့ ကိုယ်ဟာ အင်မတန်မှ
(G) ကျတဲ့ သူရယ်လို့လည်းထင်မှတ် မသွားပါနဲ့အုံး။ မေရယ် … ကိုယ်တောင်းခံထားတဲ့အချစ်နဲ့ ပက်သက်ပြီး
(H) ချင်ယောင်လည်း ဆောင်မနေပါနဲ့တော့၊ ကိုယ်ဟာတစ်သည်းမှာတစ်သက်၊ တစ်သက်မှာတစ်သည်း၊

မျက်နှာလည်း မများတက်သလို (I) တွေတိုင်းလည်း ခြေဆေးတက်သူ မဟုတ်ဘူးဆိုတာ ယုံထားလိုက်စမ်းပါ၊ ကိုယ်အခု
(J) ရုဆလင်နိုင်ငံနဲ့ ပက်သက်တဲ့ သတင်းတစ်ပုဒ် ဖတ်နေတယ်မေ၊ ပြည်တွင်းစစ်မှာ အချင်းချင်း တိုက်ကြခိုက်ကြနဲ့

အငြိုးအတေးကလည်း ကြီးပါ့၊ နဖူးကအမာရွတ် မြင်လေတိုင်း မင်းမဟော်ကို အခဲမကျေဖြစ်နေတဲ့
(K) ၀ဋ် ပုဏ္ဍားတောင် လက်မြှောက် အရှုံးပေးလောက်ပါရဲ့၊ မေနဲ့ကိုယ်တို့ကြားမှာတော့ လက်ကလေးတွေ

တွက်ချိုးရေဖို့ရာ အမျက်ကလေးတွေ သက်ဆိုးမရှည်ခဲ့ပါဘူးနော်၊ ကိုယ်သူငယ်ချင်းတွေက ကိုယ့်ကိုမေးကြတယ်၊ ကိုယ်ဟာမေ့ရဲ့
(L) စတုံအိုးကြီးကို သဘောကြလို့ ချစ်သွားတာလားတဲ့၊ ရယ်ပဲရယ်စရာ ကောင်းသေးတော့၊ ကိုယ်က

မေ့ရင်ထဲက ဖြူစင်တဲ့နှလုံးသားလေးကိုသာ ချစ်တဲ့အကြောင်းဖွင့် (M) ပြောပြလိုက်မှ ငြိမ်သွားကြတယ်၊

ဒါတောင်မှ အထွန့်တက်လာကြသေးတယ်။
မေရယ် …….။
(N) ဏ္ဏဝါလှိုင်းရေပြင်ထက်မှာတော့ ငှက်မောင်နှံက တူယှဉ်တွဲ ပျံသန်းလို့ပေါ။
ကိုယ်ဟာ မေ့အပေါ်
(O) မင်းရင့်ရော်တဲ့အထိ မပြယ်သောမေတ္တာများနဲ့ ချစ်သွားမယ်သူပါ၊ သည်လိုမျိုး မေ့ အပေါ် ထားတဲ့သစ္စာ မ
(P) ပြင်ခဲ့ဘူးဆိုရင် အဏ္ဏဝါမြစ်ရေအလျဉ်ကို အန်တုတားဆီးနေတဲ့
(Q) ပင်တွေကို နှုတ်ပြီး ကိုယ့်ရင်ဝကို ဆောင့်ထိုးလိုက်ပါတော့။
ကိုယ်ဟာ ဖြီးဖြန်းအပိုကဲလို့ မညာတက်သလို ကျီးကန်းလိုလည်း မ
(R) တက်ပါဘူး၊ ကိုယ်အချစ်က ငရဲမီး
(S) ဆစ် အစားခံရတဲ့ ဇဗ္ဗူရာဇ်ရွှေစင်နှလုံးသားပါ မေရယ်၊ စကားတွေကို
(T) တီတာတာ မဖွဲ့နွဲ့ တက်ပါဘူး၊မေတ္တာတွေပေးခဲ့ပြီင်္း သူမို့ မေတ္တာကိုတော့ ပြန်
(U)ချင်ပါတယ်မေ။ ကိုယ်အခု ချောင်းသာကမ်ခြေကို အလကားခေါ်မယ့်သူရှိလို့ ရောက်နေတယ်မေ။
သည်စာကို ပင်လယ်က
(V) ပင်တစ်ပင်အောက်မှာ ရေးနေတာ။ သည်အချိန်မှာပဲ ဘယ်ကကန်ထည့် လိုက်မှန်းမသိတဲ့
(W) ဘောလုံးတစ်လုံးက ကျောကုန်းကိုလာမှန်တယ်၊ အမယ်လေးလေး၊ အောင့် လိုက်တာ၊ နာလိုက်တာ၊

အဆုတ်တွေ ဘာဖြစ်သွားလဲမသိဘူး၊ ရန်ကုန်ပြန်ရောက်တော့မှပဲ
(X) ရေး ဓါတ်မှန် ရိုက်ကြည့်ရတော့မှာပဲ။ စာလည်းရှည်သွားခဲ့ ပြီ ……. မေ။ သည်းခံပြီး ဖတ်တာ ကျေးဇူးကမ္ဘာပါ။
အဲ ……. တစ်ခုတော့ ရှိတယ်။
ကိုယ်အပေါ် မေ့ ဆီက မေတ္တာ တုံ့ပြန်မလာဘူး ဆိုရင်တော့ ကိုယ်ဟာ အင်ဂျင်
(Y) နဲ့ ပိုးသတ်ဆေး သောက်ရင်း
(Z) ကျိုးလို့ နိဂုံး ချူပ်သွားပါလိမ့်မယ်မေ ´´

\\|||//
| |
(.) (.)
——-ooOO–(_)–OOoo———-
{ .^_^.| |.^_^. }

…………………………………………………………………………………………………………………………………………….

ကိုဖိုးလုံး

3D And Fantasy Girls (92) (click to view)

ကိုဖိုးလုံးဟာ

ကုမ္ပဏီတစ်ခုမှာ ကိုယ်ကြိုးမငဲ့ဘဲနဲ့ အလုပ်ကို
ကြိုးကြိုးစားစား လုပ်လာခဲ့လိုက်တာ လုပ်သက် ၂နှစ် ကျော်လာတာတောင်မှ
သူ့ကို ရာထူးလည်းမတိုးဘူး၊ အပြောင်းအရွှေ့လည်း မလုပ်ပေးဘူး၊
လစာလည်းမတိုးဘူး၊ ဘောက်ဆူးလည်း မပေးဘူး။ ဒီတော့ သူ့ခမျာ
စိတ်တွေညစ်ရတာပေါ့။ ဒါကြောင့် သူ့ဌာနက မန်နေဂျာကို
တက်ပြောမယ်လို့ဆုံးဖြတ်လိုက်ရတော့တယ်။

နောက်တစ်နေ့မနက်ကျတော့ ရုံးမှာ မန်နေဂျာနဲ့တွေ့တာနဲ့ တစ်ယောက်ကိုတစ်ယောက်
နှုတ်ဆက်ကြတယ်။ ပြီးတော့ မန်နေဂျာကို သူလစာ မတိုးတာနဲ့ ပတ်သက်ပြီး
ကိုဖိုးလုံးက ပြောပြတယ်။ ဒီတော့ မန်နေဂျာက ကိုဖိုးလုံးကို
ပြုံးပြုံးကြီးကြည့်ပြီး သူ့ရုံးခန်းထဲလိုက်ခဲ့ဖို့ ခေါ်တယ်။
ရုံးခန်းထဲရောက်တော့မှ မန်နေဂျာက သူ့ကို ထိုင်ခုံမှာထိုင်ခိုင်းပြီး
“ကိုဖိုးလုံး ခင်ဗျားကျုပ်တို့ရုံးမှာ တစ်ရက်ပြည့်အောင်တောင်
အလုပ်မလုပ်ခဲ့သေးပါဘူးဗျာ”လို့ ပြောချလိုက်ပါလေရော။

ကိုဖိုးလုံးခမျာမှာလည်း မန်နေဂျာရဲ့ စကားကြောင့်
တော်တော်လေးအံ့အားသင့်သွားတာတော့ အမှန်ပဲ။ ဒါပေမဲ့ မန်နေဂျာက ဆက်ပြောတယ်။

မန်နေဂျာ။ ။ တစ်နှစ်မှာ ရက်ပေါင်း ဘယ်နှရက်ရှိလဲ ကိုဖိုးလုံးရာ။
ကိုဖိုးလုံး။ ။ ၃၆၅ရက်ရှိပါတယ်ဆရာ၊ တချို့နှစ်တွေမှာတော့ ၃၆၆ရက်ရှိပါတယ်။

မန်နေဂျာ။ ။ ဒါဆို တစ်ရက်မှာ ဘယ်နှနာရီရှိလဲဗျာ။
ကိုဖိုးလုံး။ ။ ၂၄နာရီရှိပါတယ်ဆရာ။

မန်နေဂျာ။ ။ ခင်ဗျား တစ်နေ့ကို ဘယ်နှနာရီအလုပ်လုပ်လဲ။
ကိုဖိုးလုံး။ ။ မနက်ရှစ်နာရီကနေ ညနေလေးနာရီအထိ ရှစ်နာရီအလုပ်လုပ်ပါတယ်ဆရာ။

မန်နေဂျာ။ ။ ဒီတော့ အချိုးချကြည့်လိုက်မယ်ဆိုရင်ဗျာ ကိုဖိုးလုံး
တစ်ရက်အလုပ်လုပ်ချိန်ဟာ ဘယ်လောက်ရှိမလဲ။
ကိုဖိုးလုံး။ ။ (ကိုဖိုးလုံးတစ်ယောက် စိတ်ထဲမှာ တစ်ရက်စာ ၂၄နာရီကို
အလုပ်လုပ်ချိန် ရှစ်နာရီနဲ့စားပြီး) တစ်နေ့တာရဲ့ သုံးပုံတစ်ပုံကျွန်တော်
အလုပ်လုပ်ပါတယ်ဆရာ။

မန်နေဂျာ။ ။ ခင်ဗျား အတွက်အချက်တော့ တော်ရှာသားပဲ ကိုဖိုးလုံးရ။ ဒီတော့
တစ်နှစ်စာ ၃၆၆ရက်ကို သုံးပုံပုံလိုက်ရင် ဘယ်လောက်ရှိမလဲဗျာ။
ကိုဖိုးလုံး။ ။ (ကိုဖိုးလုံးတစ်ယောက် ၃၆၆ ကို စိတ်ထဲမှာ ၃နဲ့ စားပြီး)
၁၂၂ ရက် ရှိပါတယ်ဆရာ။

မန်နေဂျာ။ ။ စနေတနင်္ဂနွေတွေ ခင်ဗျား ရုံးတက်လား။
ကိုဖိုးလုံး။ ။ မတက်ပါဘူးဆရာ၊ ရုံးပိတ်တာကိုး။

မန်နေဂျာ။ ။ ကောင်းပြီ၊ အဲဒီတော့ဗျာ၊ တစ်နှစ်မှာ စနေတနင်္ဂနွေ ဘယ်နှရက်ရှိလဲ။
ကိုဖိုးလုံး။ ။ စနေက ၅၂ရက်၊ တနင်္ဂနွေက ၅၂ရက်ဆိုတော့ စုစုပေါင်း ၁၀၄ရက် ရှိပါတယ်ဆရာ။
မန်နေဂျာ။ ။ ခင်ဗျား တော်တော် တော်တာပဲဗျ အတွက်အချက်ကတော့၊ ဒါဆို ခုနက
၁၂၂ရက်ထဲကနေ ၁၀၄ရက် နှုတ်လိုက်ရင် ဘယ်လောက်ကျန်မလဲ။
ကိုဖိုးလုံး။ ။ ၁၈ရက် ကျန်ပါတယ်ဆရာ။

မန်နေဂျာ။ ။ ဟုတ်ပြီ။ ခင်ဗျားတို့ကို နှစ်စဉ်နှစ်တိုင်း ဆေးခွင့်ဆိုပြီး
နှစ်ပတ်ပေးထားတယ်နော်။ ဟုတ်လား။ ဒီတော့ ကျန်တဲ့ ၁၈ရက်ထဲကနေ နှစ်ပတ်စာ
၁၄ရက်ကို နှုတ်လိုက်ရင် ဘယ်လောက်ကျန်မလဲ ပြော။
ကိုဖိုးလုံး။ ။ ၄ရက်ကြီးများတောင် ကျန်ပါသေးတယ်ဆရာ။

မန်နေဂျာ။ ။ ကဲ ဒီတော့ နှစ်သစ်ကူးနေ့မှာ ခင်ဗျား အလုပ် လုပ်လား။
ကိုဖိုးလုံး။ ။ အပီအပြင် နားပါတယ်ဆရာ။

မန်နေဂျာ။ ။ အလုပ်သမားနေ့မှာရော အလုပ်ဆင်းလား။
ကိုဖိုးလုံး။ ။ ပြောနေစရာလိုလားဆရာရယ်၊ ရုံးမပြောနဲ့ အိမ်တောင် မကပ်ဘူး။
မန်နေဂျာ။ ။ ကဲ ဒီတော့ ကျန်တဲ့ ၄ရက်ထဲက အဲဒီ နှစ်ရက် နှုတ်လိုက်ရင် ဘယ်
လောက်ကျန်မလဲပြော။

ကိုဖိုးလုံး။ ။ ၂ရက်တိတိကျန်ပါတယ်ဆရာ။

မန်နေဂျာ။ ။ ဒီတော့ ခင်ဗျား အမျိုးသားနေ့မှာ ရုံးတက်လား။
ကိုဖိုးလုံး။ ။ ရုံးမှမဖွင့်တာဆရာကလည်း နားတာပေါ့။

မန်နေဂျာ။ ။ ဒီတော့ ခင်ဗျားမှာ ဘယ်နှရက် ကျန်သေးလဲ။ ကိုဖိုးလုံး။ ။
တစ်ရက်တိတိကျန်ပါသေးတယ်။
မန်နေဂျာ။ ။ ခရစ္စမတ်နေ့မှာရော ခင်ဗျား လာလား။
ကိုဖိုးလုံး။ ။ လစ်ပြီးသားပေါ့ဆရာရယ်။

မန်နေဂျာ။ ။ ကဲဗျာ၊ ကိုဖိုးရာ ပြောရမှာလည်း အားနာတယ်၊ ဒီတော့ ခင်ဗျားမှာ
ဘယ်နှရက်ကျန်သေးလဲ။
ကိုဖိုးလုံး။ ။ တစ်ရက်မှ မကျန်တော့ပါဘူးဆရာရယ်။

မန်နေဂျာ။ ။ ဒီတော့ ခင်ဗျားက ဘာအတွက် ကျုပ်ဆီ မကျေမနပ်လာပြောနေရတာလဲ။
ကိုဖိုးလုံး။ ။ ကျွန်တော် နားလည်ပါပြီဆရာ။ တော်တော်ကြီးကို
သဘောပေါက်သွားပါပြီ။ ဒီနှစ်နှစ်လုံးလုံး ကုမ္ပဏီက ပိုက်ဆံတွေ ကျွန်တော်
အချောင်သက်သက်ဖြုန်းတီးနေမိတယ်ဆိုတာ အခုမှပဲ နားလည်ပါတော့တယ်ဆရာရယ်။
တော်သေးတာပေါ့ ကျန်တဲ့ တခြားရုံးပိတ်ရက်တွေပါ ထည့်မတွက်ပေးတဲ့အတွက်တောင်
ကျေးဇူးတင်ရဦးမှာ။ နို့မဟုတ်ရင် ကျွန်တော်က တောင်
အိတ်ပြန်စိုက်ရမယ်ထင်တယ်ဆရာရယ်။ ကျေးဇူးကြီးပေလို့ပေါ့။

သတိပြုရန်။ ။ ဘယ်သောအခါမှ အထက်လူကြီးကို အကူအညီမတောင်းလေနှင့်။

……………………………………………………………………………………………………

စဉ်းစားပြီး ဒီမေးခွန်းတွေ ဖြေကြည့်ပါဦး။

3D And Fantasy Girls (56) (click to view)

၁။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး လူ (၅) ယောက်ရဲ့ နာမည်
၂။ မယ်စင်္ကြာဝဠာ (၅) ယောက်ရဲ့ နာမည်
၃။ နိုဘယ်ဆုရှင် (၁၀) ယောက်ရဲ့ နာမည်
၎။ အော်စကာဆုရှင် သရုပ်ဆောင် (၁၀) ယောက်ရဲ့ နာမည်

မဖြေနိုင်ဘူးလား။ အခက်တွေ့နေတယ် မဟုတ်လား။
စိတ်ပူပါနဲ့။ ဒါတွေ အကုန်လုံးကို ဘယ်သူမှ မဖြေနိုင်ပါဘူး။

ချီးမွမ်း (၇) ရက်၊ ကဲ့ရဲ့ (၇) ရက်ပါ။
အောင်နိုင်သူတွေကို ကြာတော့လည်း မေ့သွားကြတာပါပဲ။

အခု ဒီမေးခွန်းတွေကို ထပ်ဖြေကြည့်ပါဦးလား။
၁။ မင်းရဲ့ ပညာရေးကို တစ်ဖက်တစ်လမ်းက အကူအညီပေးခဲ့တဲ့ ဆရာ/မ (၃) ယောက်ရဲ့ နာမည်
၂။ မင်းလိုအပ်တဲ့ အချိန်တိုင်းမှာ မင်းနဲ့ အတူရှိခဲ့ဖူးကြတဲ့ သူငယ်ချင်း (၃) ယောက်ရဲ့ နာမည်
၃။ မင်းဘ၀အတွက် အရေးပါတယ်လို့ မင်းယူဆတဲ့ လူတချို့ရဲ့ နာမည်
၎။ မင်းရဲ့အားလပ်တဲ့ အချိန်တွေကို အတူကုန်ဆုံးချင်တယ်ဆိုတဲ့ လူ (၅) ယောက်ရဲ့ နာမည်

ဘယ်လိုလဲ။ ခက်နေသေးလား။ အတော်လွယ်သွားပြီ မဟုတ်လား။
မင်းဘ၀အတွက် အဓိပ္ပါယ်ရှိတယ်ဆိုတဲ့ လူတွေဟာ အတော်ဆုံးလို့ သက်မှတ်မခံထားရပါဘူး။

အချမ်းသာဆုံးလူတွေလည်း မဟုတ်ပါဘူး။ ကြီးကျယ်ခမ်းနားတဲ့ ဆုတံဆိပ်တွေလည်း မရရှိကြပါဘူး။
သူတို့တွေဟာ မင်းကို အထူးဂရုစိုက်တဲ့ လူတွေပါ။ မင်းကို စောင့်ရှောက်တဲ့ လူတွေပါ။

ဘယ်လိုအခြေအနေမျိုးမှာမဆို မင်းရဲ့ အနီးနားမှာ အတူတကွ နေပေးကြတဲ့လူတွေပါ။

ခဏလောက် စဉ်းစားကြည့်ပါဦး။
ဘ၀ဆိုတာ တိုတိုလေးပါ။ ဟိုဟာတွေ၊ ဒီဟာတွေနဲ့ ခေါင်းစဉ်တပ်ပြီး ယိုးမယ်ဖွဲ့မနေပါနဲ့။
မင်းရော ဘယ်စာရင်းထဲမှာ ပါချင်ပါသလဲ။ အပေါ်ကစာရင်းထဲကလား။ အောက်က စာရင်းထဲမှာလား။ စဉ်းစားလို့ ရမလား။

ကျွန်တော့ အနေနဲ့ပြောပါမယ်။
ကျွန်တော်ဟာ အကျော်ကြားဆုံးသူများ စာရင်းထဲမှာ မပါချင်ပါဘူး။ အောက်စာရင်းထဲက လူတချို့

မေတ္တာနဲ့ တန်းဖိုးထားခံရမယ့် ရိုးရှင်းတဲ့ လူတစ်ဦးပဲဖြစ်ချင်ပါတယ်။
ကိုယ့်အနေနဲ့လည်း အဲဒီလူကို စာရင်းထဲထည့်နိုင်ဖို့ ကြိုးစားရမှာပေါ့။ ကိုယ့်က သူများရဲ့စာရင်းထဲ ၀င်ချင်ရင်ပေါ့။
…………………………………………………………………………………………………………….

ဒီစာကိုဖတ်ပြီးရင် ဟုတ် တယ်

မဟုတ်ဘူးပြောပြနော် ?

3D And Fantasy Girls (65) (click to view)

ကိုယ့်ချစ်သူကိုတကယ်ချစ်မချစ်သိချင်ရင်စမ်းသပ်ကြည့် ရန် အချက် ၁၂ ချက်

အမှတ်စဉ် ၁၂
ညနက်အထိစကားပြောနေချင်တယ်ပြီးရင်အိပ်ရာထဲဝင်တဲ့ အထိ လဲစိတ်ထဲမှာချစ်သူအကြောင်းပဲစဉ်းစားနေမိတယ်။
အမှတ်စဉ် ၁၁
နှစ်ယောက်အတူတူရှိပြီးလျှောက်သွားနေချိန်တွေမှာ လမ်းလျှောက်နှုန်းတွေသိသိသာသာကိုနှေးသွားတယ်။
အမှတ်စဉ် ၁၀
နှစ်ယောက်သားဝေးနေချိန်တွေမှာ စိတ်ထဲမှာဘယ်လိုမှမပျော်ဘူးဖြစ်နေတယ် ။
အမှတ်စဉ် ၉
ကိုယ့်ချစ်သူရဲ့ အသံလေးကိုကြားလိုက်ရမှစိတ်ထဲမယ်ပျော်လာပြီးအလိုလိုပြုံးမိတယ် ။
အမှတ်စဉ် ၈
တယောက်ကိုတယောက်ကြည့်နေချိန်တွေမှာ ဘေးနားကဘယ်သူ့ကိုမှမမြင်တော့ဘူး။
မျက်လုံးထဲမှာ ချစ်တဲ့ သူတယောက်ထည်းပဲရှိတော့တယ်။
အမှတ်စဉ် ၆
စိတ်အစဉ်တိုင်းစဉ်းစားသမျှ ကိုယ့် ချစ်သူအကြောင်းပဲဖြစ်နေတတ်တယ် ။
အမှတ်စဉ် ၅
ကိုယ့်ချစ်သူကိုတွေ့ လိုက်တာနဲ့ အလိုလိုပြုံးနေမိတယ် ။
အမှတ်စဉ် ၎
သူ့ ကိုတွေ့ ရ ဆုံဖို့ ဆိုရင် ဘာပဲလုပ်ရလုပ်ရ လုပ်ဖို့ အစဉ်သင့် ပဲ ။
အမှတ်စဉ် ၃
ခုဒီစာကိုဖတ်နေချိန်မှာကို စိတ်ထဲမယ်ကိုယ်ချစ်တဲ့ သူ့  အကြောင်း ကိုပဲစဉ်းစားနေတယ်။
အမှတ်စဉ် ၂
ဘယ်လောက်များ စိတ်ထဲစဉ်းစားနေလဲဆိုရင် အမှတ်စဉ် ၇ ပါမလာတာတောင်သတိမထားမိတဲ့ အထိပေါ့ ။
အမှတ်စဉ် ၁
ဟောကြည့် …………….ခုမှ အမှတ်စဉ် ၇ ပါမလာတာကိုသေချာအောင်ပြန်ကြည့်ပြီးကိုယ့် ကိုကိုယ် ကြိတ်ပြီးရီနေပြီဟုတ်?

😉
ချစ်တိုင်း ညားကြပါစေဗျာ………….
……………………………………………………………………………………………….

အလုပ်ထဲမှာ နေတတ်ဖို့လိုတယ်။

3D And Fantasy Girls (23) (click to view)

၁။ အသင်သည် ဟောခန်းအတွင်း ဟိုမှ သည်မှ ဖြတ်လျှောက်သောအခါ လက်ထဲတွင် စာရွက် တစ်ရွက် အမြဲပါပါစေ။ လက်ထဲမှာ စာရွက်တစ်ရွက်နဲ့ ဟိုမှ သည်မှ ဖြတ်လျှောက်သူသည် အများအမြင်တွင် အရေးပေါ် အစည်းဝေးအတွက် အလုပ် ကြိုးစားနေသရောင် ထင်စေ၏။ စာရွက် မပါတဲ့သူကတော့ ကော်ဖီဆိုင် သွားမည့် အလား ဆင်တူသည်။ အဲ..သတင်းစာကို ကိုင်ပြီး ဖြတ်လျှောက်သူကတော့ ရေအိမ် သွားမည့်သူဖြစ်၏။

၂။ သာမာန် အလုပ်ဖြစ်သော်ညား အလုပ်များ နေသည်၊ ကြိုစားနေသည်ဟု အများထင်အောင် ကွန်ပျူတာကို သဲကြီးမဲကြီးကြည့် ကာ လုပ်ပါ။ အများအမြင်တွင် တင့်တယ်၏။ အလုပ်မရှိက မိမိ ပါစင်နယ် မေးချက်ခြင်း။ မိမိ လစာတွက်ခြင်း များ လုပ်နိုင်သည်။ ချက်တင် ၀င်ပါက သတိထားပါ။ တစ်ယောက်ထဲ မရယ်မိပါစေနှင့်။

၃။ လုံးဝအလုပ်မရှိသည့်အခါ မိမိ ၀က်ဘလော့၏ တန်းပလိတ်ပြင်ခြင်း။ ဘလော့ နှင့်ပတ်သက်သော နည်းပညာ လေ့လာခြင်များ လုပ်ပါ။ သင်၏ အထက် အကြီးကဲ (သို့) သဌေးမှ တွေ့ရှိသွားပါက ရှေ့လာမည့် ပရောချက် အတွက် နည်းပညာ ဆော့ဝဲအသစ်များ လေ့လာနေသည်ဟု ဖြေပါ။ သင့်အားချီးကျူး ပေလိမ့်မည်။

၎။ သင်၏စားပွဲအား စာရွက်များ ဖိုင်များဖြင့် ရှုပ်ပွနေပါစေ။ ဧကန် ထိုသူသည် အလုပ်များသောသူဖြစ်ပေသည်။ အလုပ်ဖေါ်တစ်စုံတစ်ဦး သင့်စားပွဲနား ကပ်လာပါက “အရမ်း အလုပ်များတာ.. ရှင်းဖို့အချိန်မရဘူး” စသည် အိုက်တင် ဖြင့် ပြောပါ။ ထိုသို့ပြောရင်း စာရွက် တစ်ခုအားရှာနေပါ။ လက်တစ်ဖက်က မောက်စ်ကို မလွှတ် ပါနှင့်။

၅။ အလုပ်အား အခြားသူများထက် စောရောက်အောင် လေ့ကျင့်ထားပါ။ (အီးမေးချက်ပါ) ထမင်းစားချိန် များတွင် အခြားသူများ ထသွားလဲ မိမိသည် အလုပ်များနေသေးသည် သကဲ့သို့ အခန်းထဲမှ နောက်ဆုံးထွက်ပါ။ (ဂျီ တော့ခ် မှ သူငယ်ချင်းများအား နှုတ်ဆက်ပါ)

မိတ်ရွှေ အားလုံးပဲ အလုပ်ထဲမှာ အဆင်ပြေကြပါစေ။
………………………………………………………………………………………………………

. ကုဋေတန်သော ပုံပြင်..(ဗဟုသုတ)

3D And Fantasy Girls (55) (click to view)

သူငယ်ချင်းတို့ရေ…

တစ်ခါတုန်းက …………..

စေတန်နတ်ဆိုးဟာ သူ့ရဲက အဖျက်လုပ်ငန်းတွေကို စွန့်လွှတ်တော့မယ်လို့ ဆုံးဖြတ်ပြီး
သူ၏လုပ်ငန်းသုံးကိရိယာ တန်ဆာပလာတွေကို ရောင်းချရန်အတွက် ဆိုင်လေးတစ်ဆိုင်ကိုစီစဉ်သည်…။
နတ်ဆိုးသည် ဆိုင်တစ်ဆိုင်ဖွင့်လှစ်ကာ သူ၏ပစ္စည်းကိရိယာများကို လှပစွာ ခင်းကျင်းပြသပြီး
ပစ္စည်းများအသီးသီး၌ ဈေးနှုန်းတံဆိပ်ကလေးများကပ်ကာ ရောင်းချဖို့ပြသထားသည်..။ စေတန်နတ်ဆိုး

ခင်းကျင်းပြသထားသော ပစ္စည်းကိရိယာများမှာ လောဘ ၊ မောဟ ၊ ဒေါသ ၊ အာဃာတ ၊ မစ္ဆရိယ ၊ မာန ၊
ရမ္မက် ၊ တဏှာ စသည်တို့ဖြစ်သည်..။
သို့သော်..ဆိုင်၏ တစ်နေရာတွင်မူ ထူးထူးခြားခြား လည်းမရှိ ၊ ကိုင်တွယ်သူအတွက်လဲ
အန္တရယ်ရှိပုံမရသည့် သပ်ပုံသဏ္ဌာန်ပစ္စည်းလေးတစ်ခုကို တွေ့ရ၏ ..။ ၄င်းပစ္စည်း၌ ကပ်ထားသော
ဈေးနှုန်းမှာ အခြားပစ္စည်းများထက် အတော်ပင်ကြီးမားနေသည်..။ ထိုပြင် ထိုပစ္စည်းမှာ များစွာလည်း
သုံးစြွဲပီးဖြစ်ပုံရသည်..။

“ ဒါက ဘာပစ္စည်းလဲဗျ..။ သူက ဘာကြောင့် သည်လောက်ဈေးကြီးနေရတာလဲ..။ ”

ဈေးဝယ်သူ တစ်ယောက်က စေတန်နတ်ဆိုးအား မေးသည်..။

“ ဟာ…ဒါက စိတ်ဓါတ်ချ ကိရိယာပဲ…။”
“ သူက ဘာလို့ ကျန်တာတွေထက် အများကြီးပိုဈေးကြီးနေရတာလဲ..။ ”

ဈေးဝယ်သူက ထပ်မေးသည်..။

“ ဒီကောင်က အရမ်း အစွမ်းထက်တာဗျ..။ လူတစ်ယောက်ရဲ့ သိစိတ်အာရုံထဲကို
ကျွန်တော် တခြားကိရိယာတွေနဲ့ ဘယ်လိုမှဝင်လို့နှိုက်လို့ ဖျက်ဆီးလို့ မရတော့ဘူး
ဆိုတဲ့ အခါမျိုးဆိုရင် ဒီကိရိယာကို သုံးရတယ်..။ ဒီကောင် အထဲဝင်လို့ရပြီဆိုရင်
ကျန်တဲ့ ကိရိယာတွေနဲ့ အားလုံးထည့်ပြီး လှုပ်ရှားခိုင်းလို့ရတော့တာပဲ..။ ”

စေတန်နတ်ဆိုးက ရှင်းပြလေသည်..။

မှန်သည်..။ အနုတ်လက္ခဏာဆောင်သော လူ့အပြုအမူများ ၊ လုပ်ရပ်များ၏နောက်ကွယ်
၌ “ စိတ်ဓါတ်ကျဆင်းမှု ” သည်ပုန်းခိုလျက် ရှိနေတတ်သည်..။ မည်သူ့မဆို နေ့စဉ်ဘ၀၌ စိတ်ပျက်
စရာ ၊ စိတ်ဓါတ်ကျစရာ ကိစ္စကြီးငယ်များကို မပြတ် ကြုံတွေ့ကြရမည်ဖြစ်သည်..။ ထိုသို့ နေ့စဉ်ကြုံတွေ့
ရသည့် စိတ်ဓါတ်ကျစရာအကြောင်းတို့ကို သင်မည်သို့ ရင်ဆိုင် ကိုင်တွယ်သွားသနည်း ဟူသော အချက်
သည်ပင် ရေရှည်တွင် သင့်ရည်မှန်းချက်ပန်းတိုင်သို့ သင် ရောက်ခြင်းမရောက်ခြင်း ဟူသည်ကို အဆုံးအဖြတ်ပေးသွားမည် ဖြစ်သည်..။
ထို့ကြောင့် အကယ်၍ အကြောင်းတစ်စုံတစ်ရာကြောင့် စိတ်ဓါတ်ကျသည် ဆိုပါစို့..။
ငါ အပျက်ဘက်ကို ရောက်နေမိပြီပဲ ဟု သတိရကာ ဒီအတွင်းမှ လမ်းကြောင်းထဲမှ မြန်မြန်ရုန်းထွက်နိုင်အောင် ကြိုးစားပါ..။
လောကကြီးမှာ အနှောင့်အယှက် အခက်အခဲဆိုတာ မလွဲမသွေ တွေ့ရမည့်အရာပဲ ဟု အားပေး
ဆင်ခြင်သောစကားမျိုး မိမိကိုယ့်ကို ပြောပေးပါ..။ သန်းခေါင်ကျော်ပြီးရင် မိုးလင်းရမှာပဲ စသဖြင့် အားပေးဆင်ခြင်သောစကားမျိုးဖြင့် မိမိကိုယ့်ကို အကောင်းမြင် အပြုတွေးသော လမ်းကြောင်းပေါ်သို့ ပြန်ဆွဲတင်ပေးပါ..။

ဘ၀မှာ တစ်ခါတစ်လေ ကိုယ့်ဖာသာကိုယ့် စိတ်ဓါတ်ကျဆင်းနေတဲ့ အချိန်ကာလတွေ ရှိဖူးမှာပါ..။
ကိုယ့်ဖာသာကိုယ် မမြင်နိုင်လောက်အောင် စိတ်ဓါတ်ပျက်ပြားနေတဲ့ အချိန်မှာ ဘ၀အဖော်ဆိုတဲ့ သူတွေက
သင့်အတွက် ကူညီဖေးမပါလိမ့်မယ်..။ ဘ၀အတွက် အဖော်ဆိုတာ ဒီလို ကိုယ်စိတ်ဓါတ်ကျနေတဲ့ အချိန်မှာ
ဖေးခေါ်မြှင့်တင်ပေးတဲ့ သူ့ကို ပေးအပ်တဲ့ ဘွဲ့ထူး တစ်ခုပါ…။ ။

ခင်မင်စွာဖြင့်………..

Bill Andatan ရဲ့ ပုံပြင်လေးကို A.L. Williams က သူရေးတဲ့ All You Can Do Is All You Can Do..But All You Can Do Is Enough ! ဆိုတဲ့ စာအုပ်ထဲမှာ ထည့်ရေးထားတဲ့ ပုံပြင်လေးပါ…။
“ ကုဋေတန်သော ပုံပြင် ” လို့တော့ ကျွန်တော့်ဖာသာ နာမည်ပေးထားတာပါ..။ မူရင်းပုံပြင်က နာမည်မပါပါဘူး..။
မြန်မာလို ဘာသာပြန်တာ ဖတ်ချင်ရင်တော့ ဆရာဖေမြင့် ရေးတဲ့ “ ခြုံကြားမှ ဘုံဖျားသို့ ” စာအုပ်ကို ဖတ်ကြည့်နိုင်ပါတယ်..။ လူတစ်ယောက်မှာ ရှိသင့်တဲ့ စိတ်ဓါတ်တွေအကြောင်းရေးထားတဲ့ စာအုပ်လေးပါ..။
အရာရာမှာ လက်စွဲပြုနိုင်ပါတယ်..။ ကျွန်တော်ရဲ့ Ideal စာအုပ်တစ်အုပ်ပါ..။

လေးစားခင်မင်စွာဖြင့်.

………………………………………………………………………………………………………………..

တွေ့ဆုံချိန်မှာ

3D And Fantasy Girls (92) (click to view)

တွေ့ဆုံချိန်မှာမိုးရွာချင်ရွာနေမယ်၊ နေသာချင်သာနေလိမ့်မယ်။

ဒါပေမယ့် ရင်ထဲမှာ စိတ်လှုပ်ရှားမှု၊ အပျော်တွေ ကိုယ်စီရှိနေကြတယ်။

မြို့က အကျယ်ကြီး၊ ကမ္ဘာကြီးကလည်း မသေးဘူး။
ဒီလို ကြီးမားကျယ်ပြန့်တဲ့ နေရာမှာ အချင်းချင်းတွေ့ဆုံဖို့ ဆိုတာကို တစ်ခါမှ မတွေးခဲ့မိဘူး။ လူတစ်ယောက်ကို သိဖို့လွယ်ပေမယ့် တွေ့ဆုံဖို့ဆိုတာ ခက်ခဲလွန်းတယ်။ တစ်နေရာစီမှာ ရှိနေကြတဲ့ အစက်လေး နှစ်စက်အတွက် တွေ့ဆုံဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။

ဒါပေမယ့်… တွေးကြည့်ခဲ့ဖူးရဲ့လား?
လူတွေ သိန်း၊ သန်းပေါင်းများစွာ စုရုံးနေတဲ့ ဂြိင်္ုလ်ပြာကြီးထဲမှာ ဘာကြောင့် ငါတို့တွေ့ဆုံခဲ့ကြသလဲ?

ငယ်ငယ်တုန်းက နားထောင်ခဲ့ဖူးတဲ့ ရာဇဝင်ပုံပြင်ထဲမှာ….
ရေသူမလေး ရေပြင်ပေါ်ဘွားခနဲ့ ပေါ်လာတဲ့အချိန် မင်းသားရဲ့သင်္ဘောလည်း အဲဒီနေရာကို ဖြတ်သွားတဲ့ အချိန်ဖြစ်နေတယ်။ တောထဲမှာ မင်းသား လှည့်လည်နေတဲ့အချိန် မျှော်လင့်မထားဘဲ စနှိုးဝိုက်နဲ့ တွေ့ဆုံခဲ့တယ်။ တွေ့ဆုံခြင်းက ဒီလောက်ပဲ တိုက်ဆိုက်နိုင်ခဲ့သလား? အဲဒီတွေ့ဆုံခြင်းမှာ နင်ရှိခဲ့တယ်၊ ငါရှိခဲ့တယ်။

တစ်ချိန်တည်း၊ တစ်နေရာတည်းမှာ အချင်းချင်း တွေ့မြင်ကြပြီဆိုရင် …. တွေ့ဆုံခြင်းပါတဲ့။

ဂျပန်ကား “Now and Then” က ဇာတ်လိုက်တွေက ဇာတ်လမ်းရဲ့နောက်ဆုံးမှာ ဖဲကြိုးရှည်တွေ လွတ်ပြီး ဒီအချိန်၊ ဒီနေရာမှာ ဒီလူတွေ ရှိခဲ့ကြတယ်ဆိုတာကို အထိမ်းအမှတ် လုပ်ခဲ့ကြတယ်။ ဒါပေမယ့် လူအများရဲ့ တွေ့ဆုံခြင်းမှာ နှုတ်ဆက်ခြင်း၊ အထိမ်းအမှတ်ပြုခြင်းတွေ မရှိခဲ့ကြဘူး။ တစ်ချို့ရဲ့တွေ့ဆုံခြင်းက မျဉ်းကြားမှာ လမ်းဖြတ်ကူးသလိုပဲ ပုခုံးချင်းတိုက် မျက်နှာလွှဲခဲ့ကြတယ်။ နှုတ်ဆက်ဖို့ဆိုတာ ဝေးလို့ သူတို့အနားမှာ ပုခုံးချင်း ပွတ်တိုက်သွားတဲ့ လေစိမ်းတွေသာ ကျန်ရစ်ခဲ့တယ်။

တကယ်တော့ တွေ့ဆုံဖို့ဆိုတာ မလွယ်လှပါဘူး။ လုံးဝ မလွယ်လှပါဘူး။
တစ်ခါတလေမှာ ဒီလူ၊ ဒီလူနဲ့ ဒီနေရာမှာ အရမ်းတွေ့ချင်မိတယ်၊ တစ်ခါလောက် ဒီလူ၊ ဒီလူနဲ့ ထပ်ဆုံချင်ပေမယ့် တွေ့ဆုံခြင်းက ဝေး,ဝေးနေခဲ့တယ်။

ဒါကြောင့် အချင်းချင်း တွေ့ဆုံချိန်မှာ တန်ဖိုးထားကြပြီး နွေးထွေးမှု၊ အကြင်နာတွေ ပိုပါစေ။
ခွဲခွါခါနီးမှာ “see you”လို့ ပြောဖို့ မမေ့ပါနဲ့။
အပြုံးတွေနဲ့ တွေ့ဆုံကြမယ်၊ အပြုံးတွေနဲ့ ခွဲခွါကြမယ်။
အပြုံးတွေနဲ့ နောက်ထပ်တစ်ခါ တွေ့ဆုံကြစို့….
………………………………………………………………………………………………………………..

နဖူးစာ ဆိုတာ ဘာလဲ…(ပုံပြင်)

3D And Fantasy Girls (14) (click to view)

သိဝိ မင်းကြီးဟာ
ဥမ္မာဒန္ဒီကို..
မြင်တော့ ဣနြေ္ဒမဆယ်နိုင်ပဲ..
ဆင်ပေါ်က ပြုတ်ကျသတဲ့….။
အင်းလေ…..
သူမရှိတော့တာပဲ ကောင်းပါတယ်..။
သူရှိနေပြီး…
ကျွန်တော်ချစ်သူကို မြင်ရင်…
သူ…
ဆင်ပေါ်က ထပ်ပြုတ်ကျဦးမှာပါပဲ….။ ။

သူငယ်ချင်းတို့ရေ…

ဟိုးရှေးရှေးတုန်းက…..
အိန္ဒိယနိုင်ငံက ရှေးလူကြီးတွေဟာ သူတို့ သားသမီးတွေ မွေးလာတာနဲ့ သူတို့သိကျွမ်းရင်နှီးတဲ့ မိတ်ဆွေတွေထဲက
သားသမီးတွေနဲ့ အိမ်ထောင်ချပေးဖို့ သဘောတူတတ်ကြသတဲ့..။ ဒီတော့ သူတို့တွေဟာ နှစ်ဦးနှစ်ဖက် သဘောတူ
ညီမှု ရခဲ့ပြီဆိုရင် သူတို့သားသမီးတွေရဲ့ နဖူးပေါ်မှာ သူတို့ သဘောတူထားတဲ့ သူတို့ မိတ်ဆွေရဲ့ သားသမီး အမည်
ကို ဆေးမှင်နဲ့ ရေးထားလိုက်ကြသတဲ့…။
( ဥပမာ- သက်မွန်မြင့် နဖူးမှာ ကိုဇော် လို့ ရေးပြီး…၊ ကျွန်တော့်နဖူးမှာ သက်မွန်မြင့် လို့ ရေးသလိုပေါ့လေ..။
ဟဲဟဲ..ဥပမာ ပြောတာပါ…)
ဒီလိုနဲ့ ဒီကောင်လေး ကောင်မလေးတွေဟာ ကြီးလာတော့ သူတို့နဖူးမှာရေးထားတဲ့ သူနဲ့ အိမ်ထောင်ပြုကြရသတဲ့..။
ဒါပေမဲ့ နောင်အခါ ခေတ်ကာလအရ နေရာဒေသတွေ ရွေ့ပြောင်းကြရတော့ နေရပ်ဒေသတွေဟာ တစ်နေရာထဲမှာ နေကြတာ
မဟုတ်တော့ နဖူးမှာ နာမည်ရေးထားတဲ့ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို တွေ့ကြရဖို့ ကောင်လေး ၊ ကောင်မလေးတွေဟာ နေရာအနှံ
ရှာဖွေ လက်ထပ်ကြရသတဲ့..။ ဒါကို နဖူးစာ ရွာလည်တယ်လို့ခေါ်တယ်လေ..။
နဖူးစာ ရွာလည်ပြီး နဖူးမှာ ကိုယ့်နာမည်ပါတဲ့ ချစ်သူကို တွေ့ကြရလို့ သူတို့ အိမ်ထောင်ပြုကြတဲ့ အခါမှာ ကိုယ့်နာမည်
ပါတဲ့ နဖူးလေးကို အမှတ်တရ နမ်းတတ်ကြသတဲ့..။ ငါ့ချစ်သူကို ငါရှာတွေ့ပြီ ဆိုတဲ့ သဘောနဲ့ လက်ထပ်တဲ့အခါမှာ ကိုယ့်နာမည်
ပါတဲ့ နဖူးလေးကို နမ်းတာဟာ ဒီနေ့ အထိ အမှတ်တရ ဖြစ်နေဆဲပါ…။
ဒီအချိန်မှာ ကိုယ့်သားသမီးကို ဘယ်မိတ်ဆွေ သားသမီးနဲ့မှ လက်ထပ်ဖို့ သဘောတူညီမှု မရတဲ့သူတွေဟာ သူတို့ရဲ့
သားသမီးတွေရဲ့ နဖူးမှာ ဘာနာမည်မှ ရေးမပေးနိုင်ကြဘူးတဲ့..။ ဒီလိုပဲ သူတို့တွေဟာ အပျိုကြီး ၊ လူပျိုကြီးတွေ ဖြစ်လာကြတယ်..။
တချို့ကျတော့ နဖူးမှာ နာမည်တွေ အများကြီးပါတတ်ကြတယ်..။ သူတို့တွေက အိမ်ထောင်ဆက်တွေ များကြပြန်ရော..။
သူတို့ကျတော့ ခြွင်းချက်ဆိုပါတော့လေ..။
ဟော…..
ကျွန်တော် ဒီလိုပြောနေလို့ ငါ့နဖူးမှာ ဘာနာမည်ပါလဲ ဆိုပြီး အခုထပြီး မှန်ထဲမှာ ပြူးပြဲကြည့်ချင်နေပါသလား သူငယ်ချင်း..။
ကြည့်သင့်ပါတယ်လေ..။
ပြီးတော့ နာမည်တစ်ခုကိုလည်း တွေ့အောင်ရှာကြည့်ပါဦး..။
ဒီနာမည်ဟာ သူငယ်ချင်း ချစ်သူပါပဲ..။
သူ့နဖူးလေးမှာလည်း ရှာကြည့်ပါ..။
သူငယ်ချင်းနာမည်ကို တွေ့ရမှာပါ…။
ပြီးရင် ကိုယ့်နာမည်ပါတဲ့ နဖူးလေးကို နမ်းဖို့ကိုလဲ မမေ့ပါနဲ့ဦး….။

အင်း…..
ဒီလောက်ပြူးပြဲရှာနေတာတောင်မှ သူငယ်ချင်း နဖူးမှာ ဘာနာမည်မှ မတွေ့ဘူးဆိုရင်တော့ ကျွန်တော် စိတ်မကောင်းပါဘူး…။
သူငယ်ချင်းဟာ အပျိုကြီး ၊ လူပျိုကြီး ဖြစ်တော့မယ်..။ ဒါတော့ ကျွန်တော်လည်း မတတ်နိုင်ပါ..။

အဲ…….
သူများကိုသာ ပြောနေတာ သတိရလို့ ကျွန်တော် ကိုယ့်ဖာသာကိုယ် နဖူးကို မှန်ထဲ ပြန်ကြည့်လိုက်တော့… နာမည်လေးတစ်ခု
ကျွန်တော့် နဖူးမှာ တွေ့ရတယ်ဗျာ…။ သေချာဖတ်ကြည့်လိုက်တော့…………….

“ ———————-” တဲ့…။ (သက်မွန်ုမြင့်တော့ မဟုတ်ပါဘူး…ဒါက ဥပမာပါဗျာ…။)
……………………………………………………………………………….

……..
သူငယ်ချင်းတွေ ပို့ပေးတဲ့ မေလ်းတွေကိုဖော်ပြထားတာပါ။

ကိုဗားမား

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: