ဟာသ

တီဗွီတစ်လုံး မြန်မြန်ပေးပါ

ခရစ်စမတ် တစ်ကျော့ရောက်ပြန်ပါပြီ.. ဒီခရစ်စမတ်မှာ တီဗွီတစ်လုံး ဝယ်ပေးဖို့
ကောင်လေးကအမေကိုပူဆာတယ်။ ကောင်လေးကဆိုးပေပြီးစာလည်းမကြိုးစားတဲ့အတွက်
အမေက ဝယ်မပေးချင်ဘူး။ ဒါနဲ့ အမေက ကောင်လေးကို “ကောင်လေး ဘုရားသခင်ကို
စာတစ်စောင်ရေးလိုက်ပါ။ ဒီနှစ်အတွင်းမှာ ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှုတွေကိုရေးလိုက်..
ဘုရားသခင်က တီဗွီတစ်လုံးလက်ဆောင်ပေးလိမ့်မယ်”လို့ပြောလိုက်တယ်။

ဒါနဲ့ကောင်လေးကဘုရားသခင်ထံစာရေးတော့တယ်။
“ချစ်လှစွာသော ဘုရားသခင်၊ ဒီနှစ်အတွင်းမှာ ကျွန်တော် ကောင်းတာတွေ
အများကြီးလုပ်ခဲ့ပါတယ်။ အခုဆိုခရစ်စမတ်ရောက်တော့မှာမို့ သင်၏ချစ်လှစွာသော
သားတပည့်ကို တီဗွီတစ်လုံး လက်ဆောင်ပေးပါ” လို့ ရေးလိုက်တယ်။
ကောင်လေးကစာကိုရေးပြီး ပြန်ဖြစ်ကြည့်တယ်။ သိပ်သဘာဝမကျတာနဲ့
ဒုတိယတစ်စောင်ကိုကောက်ရေးလိုက်ပြန်တယ်။

“ဘုရားသခင်.. ဒီနှစ်အတွင်း ကျွန်တော် မကောင်းတာတွေလုပ်ဖြစ်တယ်။
ကျွန်တော် မှားသွားပါတယ်။ ဘုရားသခင် ကျွန်တော့်ကို တီဗွီတစ်လုံး ပေးမယ်လို့ မျှော်လင့်ပါတယ်”
လို့ ပြင်ရေးလိုက်တယ်။

ကောင်လေးကစာကိုတစ်ခေါက်ပြန်ဖြစ်ကြည့်ပြီးမကြိုက်လို့တတိယတစ်စောင်ကိုရေးလိုက်ပြန်တယ်။
“ဘုရားသခင်.. ကျွန်တော် မကောင်းတာတွေ တော်တော်များများ လုပ်ခဲ့တယ်။
ဒါပေမယ့် တီဗွီတစ်လုံးတော့ လိုချင်သေးတယ်” လို့ ပြင်ရေးပြီး ဘုရားကျောင်းကိုသွားခဲ့တယ်။
ဘုရားကျောင်းမှာ Mary and Jesus ရဲ့ ရုပ်တုကိုတွေ့တော့ ကောင်လေးကစတုတ္ထမြောက်စာကိုရေးပြီး
မယ်တော်မာရီရဲ့ ရုပ်တုကို အိမ်ယူပြန်လာခဲ့တယ်။

နောက်တစ်နေ့မှာ ဘုရားကျောင်းက ဖာသာက ဘုရားသခင် Jesus ရဲ့ ခြေရင်းမှာ စာတစ်စောင်ကျနေတာကို
တွေ့လို့ ကောက်ဖတ်ကြည့်လိုက်တော့…
“ဘုရားသခင်.. သင့်အမေ ကျွန်တော်လက်ထဲမှာ သင့်အမေကိုတွေ့ချင်ရင် ကျွန်တော့်ကို
တီဗွီတစ်လုံး မြန်မြန်ပေးပါ” ဟူတည်း။

…………………………………………………………………………………………………………………………………….

စောစောကပြောပါလား

လေယာဉ် ပြတင်းပေါက်ဘေးမှာ ထိုင်၍ လိုက်ပါလာသူ
ခရီးသည်တစ်ယောက်သည်တရွေ့ရွေ့လျားနေကြသော
တိမ်စိုင်တိမ်ခဲကြီးများကို ကြည့်ရင်းအလွန်ကြည်နူးနေလေသည်။
ထိုစဉ်သူ့ပြတင်းပေါက်ရှေ့မှာလေထီးသမားတစ်ဦးကိုမြင်လိုက်ရ၏။
လေထီးသမားက”ဘယ်လိုလဲ၊ ကျွန်တော်နဲ့လိုက်ခဲ့မလား”
ဟုလှမ်းမေး၏။ဒီတော့ ခရီးသည်က”ကျေးဇူးပဲ၊ မလိုက်တော့ပါဘူး။
တိမ်တွေကို ခုလိုကြည့်နေရတာ သိပ်အရသာ ရှိတယ်”
“ကောင်းပါလေ့ဗျာ။ ကျွန်တော်က တခြား လူမဟုတ်ပါဘူး။ ခင်ဗျားစီးနေတဲ့
လေယာဉ်ပျံကြီးရဲ့ လေယာဉ်မှူးပါ။ ကဲသွားပြီ၊ တာ့တာ”

ဘ၀မှာ..အဆိုးရွားဆုံးအရာ

အမေ..သူ့သမီးအခန်းကိုဖြတ်သွားစဉ်..အိပ်ရာခင်းကို..
သပ်သပ်ရပ်ရပ်ခေါက်ထားပြီး.အားလုံးသန့်သန့်ရှင်းရှင်းဖြစ်နေတာမြင်တော့
အံသြသွားသည်..အိပ်ရာဘေးကမှန်တင်ခုံပေါ်မှာစာအိတ်တခုထောင်ထားတာတွေ့
သွားသည်။အမေသို့..လို့ရေးထားသည်။
သူမ..တုန်လှုပ်စွာဖြင့်စာအိတ်ကိုဖောက်ပြီး စာကိုဖွင့်ဖတ်လိုက်သည်…။
အမေ
သမီး..ဒီစာကိုရေးနေတဲ့အချိန်မှာ..အရမ်းလည်းနောင်တရတယ်..၀မ်းလည်းနည်းတယ်..။
…သမီး..သမီးရည်းစားနဲ့..ခိုးရာလိုက်သွားပြီ..အမေ…သမီးတော့..တကယ့်ကို
သမီးချစ်တဲ့လူကိုတွေ့ပြီ…သူက..သူရဲ့နားကွင်း..ဆေးမင်ကြောင်..နဲ့သူဝတ်တဲ့အ၀တ်အစားနဲ့
တကယ်ကိုပဲကြည့်လို့ကောင်းတယ်။.ဒါပေမဲ့..သမီး..သူ့နောက်လိုက်သွားတာ
ဒါတခုတည်းကြောင့်မဟုတ်ဘူး..အမေ..သမီးမှာ..ကိုယ်ဝန်ရှိနေပြီ..။..သူကပြောတယ်.
သမီးတို့ပျော်ပျော်ရွင်ရွင်နေကြရမှာတဲ့..။..တောထဲမှာ..သူပိုင်တဲ့..တဲလေးရှိတယ်တဲ့..။
သူက..သမီးနဲ့အတူ..ကလေးတွေအများကြီးလိုချင်တယ်တဲ့….။.သူကသမီးတို့
ဆေးခြောက်တွေ..ကိုကင်းတွေကိုစိုက်ပြီး..အသက်မွေးကြမယ်တဲ့လေ..။
အဲဒီ့အချိန်အတွင်းမှာ..သမီးတို့..အေအိုင်ဒီအက်စ်ကို..ကုလို့ရမယ့်..ဆေးပေါ်လာပါစေလို့
ဆုတောင်းမယ်..ဒါမှ..သမီးရည်းစားမြန်မြန်သက်သာမှာ..။
သမီးတို့အတွက်..စိတ်မပူပါနဲ့အမေ..။..သမီးက..အခုဆို..၁၅နှစ်တောင်ရောက်နေပြီ
ကိုယ်ကိုယ့်ကို.ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ..သမီးသိပါတယ်..။တနေ့နေ့ကြရင် အမေတို့ဆီ..သမီးတို့ပြန်လာပြီး..အမေ့မြေးလေးတွေကို..လာပြမှာပါ..
အမေ့ရဲ့..သမီး..
ဂျူလိုင်..
PS: အမေ..အပေါ်မှာရေးထားတာတွေ..တခုမှ..မဟုတ်ဘူးသိလား..။
သမီးအခု..သမီးသူငယ်ချင်းအိမ်မှာ။ဘ၀မှာ..သမီးမှန်တင်ခုံပေါ်ကreportcardထက်
ပိုပြီးဆိုးရွားတဲ့..အရာတွေရှိတယ်ဆိုတာ..သိစေချင်လို့ပါ။
သမီးအိမ်ပြန်လို့..စိတ်ချရပြီးဆိုရင်..သမီးဆီဖုန်းဆက်လိုက်နော်……။

………………………………………………………………………………………………………

မှားနေတဲ့ကလေးအတွေး


ဂျွန်သည် အဘိုးအဘွားရှိရာ ကျေးလက်ဒေသဖက်သို့
အလည်အပတ်ရောက်လာသည်။ သူရောက်ရှိသည့် ညမှပင်
တောရပ်ဒေသ၏ သာယာသည့်အလှကိုကြည့်ရှု့ရန်
အဘိုး အဘွားက လေသာဆောင်တွင်သူနှင့်အတူထိုင်နေ
ခဲ့သည်။ ထိုစဉ် ပိုးစုန်းကြူးများပျံသန်းလာသည်ကိုတွေ့ပြီး
တအံ့တသြဖြစ်သွားသည်။ လေသာဆောင်ကနေ ကုလားထိုင်မှ
ခုန်ဆင်း ၍အိမ်ထဲပြေးဝင်သွားသည်။
အဘိုးဖြစ်သူကမြေးဖြစ်သူနောက်သို့အပြေးအလွှား
လိုက်သွားသောအခါ အိပ်ခန်းထဲမှခြင်ထောင်ထဲပင်ဝင်နေပြီ
ဖြစ်သောဂျွန်ကိုတွေ့ရသည်။
” ဟဲ့..သားလေး ဘာဖြစ်လို့ထွက်ပြေးတာလဲ “
” ခြင်တွေလေအဘိုးရဲ့…ခြင်တွေဓါတ်မီးတွေတ၀င်းဝင်း
ထိုးလာပြီးလာနေတာ သူတို့လက်ကလွတ်ဖို့မလွယ်ဘူး “

……………………………………………………………………………………………….

လက်ထပ်ခွင့်ပန်ပြီးတဲ့အချိန်


အမျိုးသား- အင်း နောက်ဆုံးတော့လည်း အကြာကြီးစောင့်ရကျိုးနပ်ပါတယ်
အမျိုးသမီး-ဟင်းနော်….ထားသွားလိုက်ရမလား?
အမျိုးသား-အမယ်လေး စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့
အမျိုးသမီး–တကယ် ချစ်ရဲ့ လားဟင်?
အမျိုးသား-ဒါပေါ့ ဒီထက်တောင်ပိုသေးတယ်
အမျိုးသမီး-ကျွန်မကို အရူးလုပ်မှာလား
အမျိုးသား- ဘုရားစူးရစေရဲ့  ဒီမေးခွန်းမျိုး မေးတောင်မမေးပါနဲ့လား
အမျိုးသမီး-ကျွန်မကို နမ်းချင်သလား ဟင်?
အမျိုးသား-အချိန်မရွေးပဲ
အမျိုးသမီး- နှိပ် ကော နှိပ်စက်မှာလား?
အမျိုးသား- မင်းရူးများရူးနေလားကွာ
အမျိုးသမီး-ကျွန်မ မောင့်ကို စိတ်ချရပါတယ်နော်?
အမျိုးသား-အင်း
အမျိုးသမီး-မောင်ရယ်…

လက်ထပ်ပြီးတဲ့အခါ…. အပေါ်က စကားလေးတွေကို အောက်ကနေသာ ပြန်စဖတ်လိုက်ပါ။

………………………………………………………………………………………………………….

ကံဆိုးတဲ့ ယောက်ျား

ဦးနှောက်မရှိတဲ့ မိန်းမကို ဘုရားသခင်က သူ့အတွက် ကိုယ်လုံးလှအောင်
> ဖန်ဆင်းပေးသတဲ့။ ကိုယ်လုံးမလှတဲ့ မိန်းမကို ဘုရားသခင်က ဦးနှောက်ထက်မြက်အောင်
> ဖန်ဆင်းပေးသတဲ့။
>
> တကယ်လို့ ဦးနှောက်လဲမရှိ ကိုယ်လုံးလဲ မလှခဲ့ရင်ကော…?
>
> အဲဒီမိန်းမအတွက် ကံဆိုးတဲ့ ယောက်ျားတစ်ယောက်ကို ဘုရားသခင်က ပေးလိုက်မယ်။
>…………………………………………………………………………………………………………………….

ငါသေသွားရင်


> ကင်ဆာရောဂါနဲ့ သေတော့မယ် လူတစ်ယောက်ကို သားဖြင့်သူက
> “ကင်ဆာရောဂါ ဖြစ်နေတာကို ဘာဖြစ်လို့ သတင်းလာ မေးသူတိုင်းကို အေအိုင်ဒီအက်စ်
> ဖြစ်နေတယ်လို့ ပြောရတာလဲ ဖေဖေ” လို့ မေးတော့ အဖေဖြစ်သူ ဖြေလိုက်တာက
> “ဒါမှ ငါသေသွားရင် မင်းအမေကို တစ်ခြားလူ မကြံမှာပေါ့ကွ” ဟူတည်း။

………………………………………………………………………………………………………….

“ တရုတ်ဖြစ်ခဲ့ရင်

77

77

အာဒံနဲ့ ဧ၀သာ တရုတ်ဖြစ်ခဲ့ရင် ငါတို့တွေ ကောင်းကင်ဘုံ ရောက်နေကြမယ်

> ထင်တယ်နော်”
> “ဘာဖြစ်လို့လဲ”

> “သူတို့သာ တရုတ်ဖြစ်ခဲ့ရင် ပန်းသီးကို မစားဘဲ မြွေကိုပဲ စားလိုက်မှာလေ”

…………………………………………………………………………………………………………………………………………………

( ၂) မလွဲသောအမှား

အလုပ်တစ်နေရာအတွက် လူတွေ့စစ်ဆေးရာ လူငယ်တစ်ဦးအလှည့်သို့ရောက်လာ၏။

ရွေးချယ်သူ ။ မင်းနာမည်
လူငယ် ။ မောင်လှ
ရွေးချယ်သူ ။ အထက်လူကြီးက မေးရင် ” ဆရာ ” ထည့်ဖြေရတယ်ကွ။ ပြန်ပြော
လူငယ် ။ ဟုတ်ကဲ့ ” ဆရာမောင်လှ ”

( ၃ ) ဖြစ်ရမယ်

မျက်နှာမသာမယာဖြင့် ကိုချူချာ အိမ်ပြန်ရောက်လာသည်။

ဦးလေးဖြစ်သူက ။ ဘာဖြစ်လာတာလဲ ချူချာ

ချူချာ ။ ရေးကူးသင်တန်းက ထုတ်ခံရလို့ဗျ

ဦးလေး ။ ဘာဖြစ်လို့လဲကွ

ချူချာ ။ ရေကန်ထဲ ရှုးပေါက်မိလို့ဗျ

ဦးလေး ။ ဟေ…သူများတွေလည်း ဒီလိုပဲ မသိမသာလေး ပေါက်နေကြတာလေ

ချူချာ ။ အဟီး……ကျွန်တော်က ဒိုင်ဗင်စင်ပေါ်ကနေ တက်ပေါက်မိလို့ပါ

( ၄ ) ပါတော့ ပါသွားတယ်

ကျောင်းတက်ချိန် နောက်ကျမှ ကျောင်းသို့ ကျောင်းသားတစ်ယောက် ရောက်လာ၏။ ထိုအခါ
အလွန်စိုးရိမ်
တက်သော ဆရာက

ဆရာ ။ ဘာဖြစ်လို့ကျောင်းနောက်ကျတာလဲ
ကျောင်းသား ။ လမ်းမှာ ရိုက်လုတာ ခံရလို့ပါ ဆရာ
ဆရာ ။ ဖြစ်မှ ဖြစ်ရလေကွာ…..ဒါနဲ့ ဘာတွေများ ပါသွားသေးလဲ
ကျောင်းသား ။ ကျွန်တော့် အိမ်စာတွေတော့ ပါသွားတယ် ဆရာ

( ၅ ) မှတ်သားလောက်တယ်

သူငယ်ချင်း မင်း…..ဘယ်မြို့ကမယ် ၊ ဘယ်တိုင်းကမယ် ၊ မယ်ဗမာ ၊ မယ်ကမ္ဘာတို့
ကြားဖူးတယ် မဟုတ်လား

အေး…ကြားဖူးတယ်။ ဘာဖြစ်လို့လဲ

ငါမနေ့က လမ်းမှာ ကောင်မလေးချောချောတွေ့လို့ စကားလိုက်ပြောရင်းနဲ့
နာမည်မေးလိုက်တော့
သူဘာမယ်ဆိုတာ ပြောပြတယ်ကွ။ မင်း..သိမှာ မဟုတ်ပါဘူး။

ဟုတ်လားကွ….” ဘာမယ်တဲ့တုန်း ”

” ပါးကျိုးမယ် ” တဲ့

( ၆ ) မဖြစ်နိင်ဘူး

စာအုပ်ဆိုင် အတွင်းသို့ လူငယ်တစ်ယောက် ၀င်လာပြီး အရောင်းဝန်ထမ်းအား မေးသည်။

လူငယ် ။ စာအုပ်လိုချင်လို့ဗျာ
ဝန်ထမ်း ။ ဟုတ်ကဲ့….ဘာစာအုပ်များလဲ ရှင်
လူငယ် ။ နာမည်တော့ မမှတ်မိတော့ဘူး။ စာအုပ်ရေးတဲ့ အကြောင်းအရာက ” ယောင်္ကျားတွေဟာ
မိန်းမ
တွေအပေါ် ဘယ်လို လွှမ်းမိုးချုပ်ကိုင်ထားသလဲ ” ဆိုတဲ့ အကြောင်းပါ
ဝန်ထမ်း ။ ဒါဆို ညာဘက်တန်းက ” စိတ်ကူးယဉ် စာပေများ ” ဆိုတဲ့ စင်မှာ
ရှာကြည့်ပါရှင်

မှတ်ပြီလား

တစ်နေ့ လူတစ်ယောက်နေမကောင်းဖြစ်သဖြင့် ဆရာဝန်ထံသွားပြရာ……

ဆရာဝန်- ခင်ဗျားကဘာဖြစ်တာလဲ

လူနာ – ကျနော် ကိုယ်လက်မအီမသာနဲ့ အားပြတ်နေသလိုပဲဗျာ။

ဆရာဝန်- အင်း..ခင်ဗျားအစားကိုမှန်မှန်စာ

းဗျာ၊ အဆီအဆိမ့်ကိုလျှော့စား
အသီးအနှံ တွေများများစားပေးဗျ။ အသီးအနှံစားရင်လဲ
အခွံတွေကိုချန်မထားနဲ့ဗျ၊ အခွံတွေကလဲအားရှိတယ်
ဒါနဲ့ ခင်ဗျားဘာသီးအကြိုက်ဆုံးလဲဗျ။

ထိုအခါ လူနာဖြေလိုက်သောအဖြေကြောင့် ဆရာဝန်ဘာပြန်ပြောရမှန်းမသိဖြစ်သွားလေသည်။
လူနာပြောလိုက်သည်မှာကား….

လူနာ – အုန်းသီး။

သူဘယ်မှာလဲ….

ကိုလှ – ဟေး ကိုမြ၊ ခင်ဗျားမျက်နှာကလဲဗျာ၊ ရှုံ့မဲ့နေတာပဲ
ဘာဖြစ်နေတာလဲဗျ။

ကိုမြ – သွားကိုက်လို့ပါဗျာ။ သွားဆရာဝန်ကောင်းကောင်းတစ်ယောက်လောက်ခင်ဗျားသိလား။
နှုတ်ပစ်မလို့ အဲဒီသွားကို။

ကိုလှ – ဟာ.နှုတ်ပစ်စရာမလိုပါဘူးဗျာ။ ကျနော့လိုလုပ်ပါလား။
ဟိုနေ့ကကျနော်လဲသွားကိုက်တာ၊ အဲဒါကျနော့မိန်းမကိုခေါ်ပြီး
နှုတ်ခမ်းချင်းစုပ်ပြီးနမ်းလိုက်တာ ကောင်းသွားရောဗျ။
ခင်ဗျားလည်းစမ်းကြည့်ပါလား။

ကိုမြ – ဟာ…အဲဒါဆိုမဆိုးဘူးဗျ။ ကျနော်စမ်းကြည့်မယ်ဗျာ။
ဘယ်မှာလဲ ခင်ဗျားမိန်းမ။

သိနားလည်မှု

” မင်းတို့အထဲမှာ စန္ဒရားအကြောင်း ကောင်းကောင်း သိတဲ့သူ ပါသလားကွ ”
” ပါပါတယ် ဆရာ၊ ကျွန်တော် စန္ဒရား တီးတက်ပါတယ် ။ စန္ဒရားအကြောင်း
ကောင်းကောင်းသိပါတယ်ခင်ဗျာ ”
” ဒါဆို ဒီစန္ဒရားကို ကားပေါ်တင်တဲ့အခါ မင်းက ဦးဆောင်ပြီး ဂရုစိုက်
တင်ပေးစမ်းပါကွာ ”

သူ မှာထားခဲ့လို့

” ညကြီးမင်းကြီး ခြေအိတ်ကို ခေါင်းမှာပတ်ပြီး ဘာထွက်လုပ်နေတာလဲ ”
” ကျွန်မ ယောင်္ကျားက မှာထားလို့ပါ။ သူခရီသွားနေတုန်း ညဘက် အပြင်ထွက်ရင်
လူရမ်းကားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ခြေအိတ်အထက်ပိုင်းကို မထိစေနဲ့ဆိုလို့ ”

နားလေးသူမို့ပါ

” ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျား မဟုတ်လား

” ဟုတ်ပါတယ် ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စ အဆိုတော်ပါ ”
” ဒါဆို တဆိတ် ကူညီစမ်းပါဗျာ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့ လူချင်းကွဲသွားလို့
ခပ်ကျယ်ကျယ် အော်ပေးစမ်းပါ။သူက နားနည်းနည်းလေးတယ် ”

အပူကိုယ်စားလှယ်

” အခုတလော ကျုပ်မှာ ပူပင်စရာတွေများလွန်းလို့ ကျုပ်အစား ပူပေးမယ့်သူရှိရှင်
ငွေတစ်သိန်း ပေးလိုက်ချင်ပါရဲ့ဗျာ ”
” ကိုင်း…….ဒါဆို ကျုပ် ပူပေးပါ့မယ် ၊ ငွေတစ်သိန်းသာ မစပါ ”
” အဲဒါ ပထမဆုံး အနေနဲ့ ခင်ဗျားပူရမယ့် အပူပဲ ”

မေမေ့ တာဝန်ထားလိုက်

” အဲဒီလူနဲ့ သမီး လက်မထပ်ချင်ဘူး မေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး။ သူက
ငရဲရှိတယ် ဆိုတာကို မယုံဘူးလို့ အကြောက်အကန် ပြောတယ် မေမေရဲ့ ”
” လက်ထပ်မှာသာ ထပ်လိုက်ပါ သမီးရယ် ၊ ငရဲ တကယ်ရှိကြောင်း သိအောင်လုပ်ဖို့
မေမေ့တာဝန် ထားလိုက်စမ်းပါ ”

အချစ်အတွက်ဆိုရင်

” အချစ်အတွက်ဆိုရင် ဘာပဲ လုပ်ရလုပ်ရ ၊ ဘာနဲ့မှ မလဲနိင်ဘူး ။ အရာအားလုံးကို
စွန့်လွှတ်ရဲတယ်ဘယ်အရာမှ လာပြီး တားလို့ မရဘူးကွ ”
” ကဲပါ ယုံပါပြီ ရှင်ရယ် ၊ ဒီညနေ ရုပ်ရှင်လိုက်ပြဖို့ ချိန်းထားတာလည်း
မေ့မနေနဲ့ဦးနော် ”
” စိတ်ချ စိတ်ချ ဖဲဝိုင်းမလုပ်ဖြစ်ဘူးဆိုရင် ဆက်ဆက် လာခေါ်မယ် စောင့်နေ ”

နည်းနည်းစောင့်ပါ

ပထ၀ီဝင်ဆရာမ – ” ရှမ်းကုန်းပြင်မြင်နဲ့ ပတ်သက်လို့ မင်းတို့သိသမျှ
ပြောပြစမ်းကွာ ”
တပည့် – ” လောလောဆယ်တော့ ဘာမှ မသိသေးပါဘူး ခင်ဗျာ။ ဒါပေမဲ့ သိသိချင်း
ပြောပြပါ့မယ် ”

ဆိုမှဆိုတက်ပဲဟာ

” ရုပ်ရှင်ညပွဲပြီးလို့ သမီး အိမ်ပြန်လာတော့ လမ်းထိပ်မှာ အရက်မူးသမား အုပ်စုနဲ့
တွေ့တယ် မေမေ။ သူတို့က သမီးကို သီချင်းဆိုခိုင်းတယ် ။ မဆိုပြရင်
ဖက်နမ်းရလိမ့်မယ်လို့ ခြိမ်းခြောက်ကြတယ် မေမေ ”
” အဲဒီတော့ သမီးက ဆိုပြလိုက်တယ်ပေါ့ ”
” ဟွန့် မေမေ သိသားနဲ့ သမီးမှ မဆိုတက်တဲ့ဟာ ”

အမွေဆက်ခံမိလို့

” ခင်ဗျား မသေသင့်ဘူးဗျ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး ”
” ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာ ငိုပြီး ခင်ဗျားရဲ့ အခင်ဆုံး
မိတ်ဆွေမို့လို့လား ”
” ဟင့်အင်း..ကျွှန်တော့်မိန်းမရဲ့ ပထမ ယောင်္ကျားပါ ”

ရေတွက်ပုံချင်းမတူ

” စိတ်ဆိုးမယ်ကြံတိုင်း တစ်၊ နစ်၊ သုံး၊ လေး၊ တစ်ဆယ်ထိရေပါလို့
သားကိုပြောထားသားနဲ့၊ အခု ရန်ဖြစ်လာပြန်ပြီလား ”
” အဲဒီလို ရေမိလို့ အခုလို အထိုးခံရတာပေါ့ ”
” ဘာဖြစ်လို့လဲကွ ”
” ဟိုကောင့် အမေက သူ့သားကို ငါးအထိပဲ ရေခိုင်းထားတာ အဖေရဲ့  (((

…………………………………………………………………………………………………………………..>

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: