အင်တာနက်ထဲက ပေါက်ကရတွေ

ကွန်ပြူတာဗိုင်းရပ်မထိအေါင်

၁။သင် ကွန်ပြူတာမ၀ယ်ပါနဲ့။

၂။ ၀ယ်ခဲ့ရင် ပလပ်မထိုးပါနဲ့။

၃။ပလပ်ထိုးရင်လည်းမသုံးပါနဲ့။

…………………………………………………………………………….

(2012) မှာ……..ဘာဖြစ်မှာလဲ?


ဒီ ဘလော့ဟာ ကောလဟလတွေ ဖော်ပြလေ့မရှိပါဘူး။

ဒါပေမယ့်  သိတဲ့လူတော်တော်များများက စိတ်ဝင်စားတဲ့

အကြောင်းလေးမို့ ဖော်ပြပါရစေ။


ဒါကတော့   21ရာစုမှာ Y2K(၂၀၀၀ပြည့်နှစ်က ပြဿနာဟောင်း) ရဲ့နောက်ပိုင်း ကမ္ဘာကိုခြိမ်းခြောက်နေတဲ့
ကိစ္စမို့ပါ။

၁။တလောက အိန္ဒိယက တရားမ၀င် ရောက်လာတဲ့ ဗီစီဒီ တစ်ခုထဲမှာ ဒီသတင်းကို

အသေးစိတ်ရိုက်ပြထားသတဲ့။

သူတို့ပြောစကားအရ 2012 ဒီဇင်ဘာ လ 22ရက်နေ့မှာ နေနှစ်လုံးထွက်လာမယ်တဲ့။ ပြီးရင် လေမုန်တိုင်းတွေ။
ငလျှင်တွေ ဖြစ်ပြီး ကမ္ဘာကြီးပျက်သွားလိမ့်မယ်တဲ့။ ဒါပေမယ့် ……………
တကယ်လို့ အဲဒီနေ့မှာ နေနှစ်လုံးမထွက်ပဲ ပုံမှန်ပဲဆိုရင် ဟဲ ဟဲ….ပုံမှန်ပါပဲတဲ့ဗျာ။
စိက်ဝင်စားစရာ ထိုးဇာတ်လေးတွေတောင်ထည့်ပြီးရိုက်ထားသေးသတဲ့။

၂။နောက်ပြီး တလောကပါပဲ ကျွန်တော်တို့ အင်တာနက်ကြီးထဲမှာလည်း

တစ်ချို့ ၀က်ဘ်ဆိုဒ်တွေက

2012မှာကမ္ဘာပျက်ဦးမယ်တဲ့ဗျို့။အင်တါနက်မှာကျတော့ ဇာတ်လမ်းကတစ်မျိုးဗျ။

ဒါကျွန်တော်ဆီရောက်လာတဲ့ အီးမေးလ်ကို မူရင်းအတိုင်းဖော်ပြလိုက်တာပါ။

……………………………##

##.>>>

#၂၀၁၂မှာတကယ်ပဲ ကမ္ဘာပျက်မှာလား ( 2012 Dec 21 is really our Doomsday?)
>>>>>
>>>>> ဒီပို့စ်ကို တင်သင့် မတင်သင့် တော်တော်စဉ်းစားပြီးမှ တင်လိုက်တာပါ။ အခြား အကြောင်း အရာတွေက ကိစ္စမရှိပေမယ့် ဒီအကြောင်းအရာက သေချာ မစဉ်းစားရင် စိတ် အနှောက်အယှက် ဖြစ်စေလို့ပါ။ ဒီပို့စ်ကို ဖတ်တဲ့ သူတိုင်း မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ကာလာမသုတ် ကို နှလုံးသွင်းပါလို့ ပြောပါရစေ။
>>>>> အခု ကျနော်ရေးမယ့် အကြောင်းအရာက ကြည့်မိတဲ့ သူတွေအကြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေတဲ့ စကြာဝဠာ နဲ့ ပါတ်သတ်တဲ့ YouTube video တွေအကြောင်းပါ။ အဓိက အကြောင်းအရာက ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ မှာ ကမ္ဘာပျက်မယ် ဆိုတဲ့ ကိစ္စပါ။ အဲဒီ ဗွီဒီယို တွေကို Doomsday, Nibiru, Planet X, 2012 December 21 ဆိုတဲ့ keyword တွေနဲ့ အလွယ်တကူ ရှာ တွေ့နိုင်ပါတယ်။ သူတို့တွေ ပြောကြတဲ့ ဦးတည်ချက်က တစ်ခုတည်းပါ။ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုတဲ့ အကြောင်းအရာပါ။ ဘာကြောင့် ပျက်မှာလဲ။ ဘယ်လိုပျက်မှာလဲ။ သူတို့ ရေးတဲ့ အတိုင်း ကျနော် ပြန်ရေးပါ့မယ်။ အောက်မှာ ရေးထားတဲ့ အကြောင်းအရာဟာ ကျနော့် စာသား မဟုတ်ပါ။ သူတို့ ရေးထားတာကို တိုက်ရိုက်ဘာသာ ပြန်ပေးတာ ဖြစ်ပါတယ်။ (ပေရှည် နေတာတွေကို ဖျက် ထုတ်ခဲ့ပါတယ်)
>>>>>
>>>>>
>>>>>
>>>>> ကမ္ဘာပေါ်က အချို့ သော အကြောင်းအရာတွေဟာ ရှင်းပြ နိုင်တဲ့ အကြောင်းအရာတွေ မဟုတ်ကြ ပါဘူး။ ဥပမာ – Stonehenge နဲ့ Easter Island တို့လိုပေါ့။ သေချာ ရှင်းမပြနိုင်တဲ့ အရာတွေ အဖြစ် ယနေ့ထိ ရှိနေဆဲပါ။ သူတို့ကို ဘယ်သူ တည်ဆောက်ခဲ့တယ်၊ ဒါမှမဟုတ် ဘယ်လို ဖြစ်လာခဲ့တယ် ဆိုတာ ဘယ်သူမှ ရာနှုန်းပြည့် မပြောနိုင်ပါဘူး။ (ပုံမှာ Stonehenge နဲ့ Easter Island ပေါ်က အရုပ်တွေကို ပြထားပါတယ်။ Easter Island က သြစတေးလျ နဲ့ ချီလီ အကြားက ပစိဖိတ် ရေပြင်ကျယ် ကြီး အလယ် လောက်မှာ ရှိတာ၊ ဘယ်တုန်းက များ ရှေးဟောင်း လူတွေ ရောက်ပြီး ဒါတွေ လုပ်သွားလဲ.. ကျနော်လည်း အံ့သြော မိပါတယ်)။ ကျနော် အခုရှင်းပြမယ့် အကြောင်း အရာကလည်း သေချာ ရှင်းမပြ နိုင်တဲ့ အကြောင်းအရာ တစ်ခုပါ။ ကမ္ဘာ ကြီးပျက်မယ့် နေ့စွဲကို ပြောတာပါ။ အဲဒီ နေ့စွဲက ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့လို့ ပြောလိုက်တဲ့ အတွက် ကျနော့်လိုပဲ ခင်ဗျားလည်း အံ့အားသင့် သွားနိုင်ပါတယ်။ ဒါပေမယ့် NASA နဲ့ Governments တွေကတော့ အံ့အား သင့်မယ် မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ၁၉၈၃ ခုနှစ်ကတည်းက ဒီအကြောင်းကို သိနေကြ နှင့်ပြီးသား ဖြစ်နေလို့ပါ။ ဘာကို သိနေကြ တာပါလဲ။ အခုဘယ်သူတွေက ကျနော်တို့ ကမ္ဘာနဲ့ ပါတ်သတ်ပြီး သတိပေးခဲ့သလဲ ဆိုတာ ကြည့်ကြ ရအောင်ပါ။
>>>>> Nostradamus ကပြောပါတယ်၊ စကြာဝဠာအတွင်းက ကြီးမားလှတဲ့ အရာဝတ္ထုတစ်ခုဟာ ကျနော်တို့ ကမ္ဘာဆီကို ဦးတည်ပြီး လာနေပါတယ်။ သူ့ရဲ့ နေပါတ်လမ်းဟာ နှစ်ပေါင်း ၃၆၀၀ မှာ တစ်ပါတ် ပြည့်ပြီး ၂၀၁၂ ခုနှစ်မှာ ကျနော်တို့ ဆီကို ရောက်ပါမယ်၊ ဒါပေမယ့် ကမ္ဘာကို ဝင်တိုက်မိမှာတော့ မဟုတ်ပါဘူး။ Albert Einstein က pole shift နဲ့ ပါတ်သတ်ပြီး သတိပေး ခဲ့ပါတယ်။ pole shifting အချိန်မှာ လူသားတွေ အပြင်းအထန် ခံစားရမယ် ဆိုတာပါ
မာယန် ပရောဖက် တွေရဲ့ The Tzolkin ဆိုတဲ့ ပြက္ခဒိန်မှာ ၂၀၁၂ ခုနှစ်ဟာ အဆုံးသတ် အမှတ် ဖြစ်နေပါတယ်။ စက်ဝန်းကြီး တစ်ခုရဲ့ အဆုံးမှတ် ဖြစ်ပါတယ်။ အဲဒီ စက်ဝန်းကြီးက အစမှတ် (day 0.0.0.0.0) 11th August 3114 BC မှာ စတင်ပြီး အဆုံးမှတ် (day 13.0.0.0.0) 21st December 2012 AD မှာ ဆုံးပါတယ်။ နှစ်ပေါင်း ၃၆၀၀ ပြည့်တိုင်း စက်ဝန်းကြီး တစ်ပါတ်လည် ပါတယ်။ holy bible ကလည်း 2012 ခုနှစ်ကို သတိပေးထားပါတယ်။ အခြားအခြား သော အရာတွေအားလုံးမှာလည်း 2012 December 21 ကို ရည်ညွှန်းထားတာတွေ တွေ့ရပါတယ်။ မေးခွန်းတစ်ခု ရှိပါတယ်။ ၂၀၁၂ မှာ သေချာပေါက် ဖြစ်မှာမှန်း သိရက်နဲ့ ဘာကြောင့် နာဆာက လူတွေကို အသိမပေးတာလဲ။ သူတို့ဟာ ကမ္ဘာပေါ်က လူသားတွေ အားလုံး သိသွားကြရင် လူတွေ အားလုံး အသက်ရှင် ကျန်ရစ်ရေး ကြိုးပမ်းကြတဲ့ အခါ သူတို့ အတွက် အခွင့် အလမ်း နည်းသွားမှာ စိုးလို့ ဖြစ်ပါတယ်။ အခု ဖော်ပြမဲ့ အကြောင်းအရာက NASA ဟာ ၁၉၈၃ ခုနှစ်က ဘယ်တွေ့ရှိချက်ကို လျှို့ဝှက်ခဲ့တာလဲ ဆိုတာပါ။ 1982 ခုနှစ်မှာ NASA ဟာ extra solar planet တစ်ခုကို စပြီး သတိထား မိခဲ့ပါတယ်။ 1983 ခုနှစ်မှာ NASA ဟာ IRAS (Infrared Astronomical Satellite) ကို လွှတ်တင်ခဲ့ပြီးတော့ အဲဒီ satellite က ဂျူပီတာဂြိုဟ်လောက် ကြီးမားတဲ့ object တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒီ Object ကို Planet X (Nibiru) လို့ နာမည်ပေးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ planet Nibiru ဟာ ကမ္ဘာနဲ့ နေရဲ့ အကြားကို ဝင်ရောက် ဖြတ်သန်း ပါမယ်။
သူ ဖြတ်သန်းမယ့် အနေ အထား ကတော့ ပုံမှာ ပြထားတဲ့ အတိုင်းပါပဲ။ အဲဒီ အချက်ကြောင့် Atlantis မြို့ ကြီး နစ်မြုပ်ခဲ့သလို Noah ရဲ့ လှေကြီး တစ်ခုပဲ ရေပေါ်မှာ ရှိခဲ့တုန်းကလို အခြေ အနေမျိုး ၂၀၁၂ နောင်းပိုင်းမှာ ပြန်ဖြစ်လာပါမယ်။ ကျနော် တို့မှာ ရှောင်လွှဲစရာ နည်းလမ်း မရှိပါဘူး။ နေစရာ ကမ္ဘာ တစ်ခုပဲ ရှိတဲ့ အတွက် မလွဲ မသွေ ရင်ဆိုင် ရပါ လိမ့်မယ်။ Stonehenge နဲ့ Easter Island အကြောင်း ကျနော်တို့ ဘာလို့ မသိ တာလဲ။ ဖြစ်နိုင်တာက အရင်က လူတွေ တည်ဆောက် ခဲ့တာဖြစ်ပြီး Nibiru ကြောင့် သူတို့အားလုံး သေဆုံး သွားတဲ့ အခါ အသစ် ဖြစ်လာတဲ့ ကျနော်တို့က မသိတာ ဖြစ်နိုင်ပါတယ်။
Nibiru ဟာ ၂၀၀၉ ခုနှစ် မေလ ၁၅ ရက်နေ့မှာ အနီရောင် အရာဝတ္ထု အဖြစ် သာမာန် မျက်လုံးနဲ့ မြင်နိုင်ပါလိမ့်မယ်။ သူဟာ အပေါ်ကို တက်လာနေတာ ဖြစ်တဲ့ အတွက် ကမ္ဘာ့ တောင်ဘက် အဖျားပိုင်းတွေမှာသာ မြင်နိုင်မှာပါ။ ၂၀၁၁ ခုနှစ် မေလလောက်မှာတော့ သူဟာ ကမ္ဘာပေါ်က လူတွေ အားလုံးမြင်နိုင်လောက်တဲ့ အရွယ်အစား ဖြစ်လာပါလိမ့်မယ်။ ဒုတိယမြောက် နေတစ်လုံး အဖြစ် လရဲ့ အရွယ်အစား လောက် ရှိတဲ့ သူ့ကို မြင်ရပါလိမ့်မယ်။ ကြီးမားလှတဲ့ ဆွဲငင်အားကြောင့် ကမ္ဘာပေါ်မှာ ငလျှင် အကြီးအကျယ် လှုပ်ပြီး ရေကြီးမှုတွေ နေရာ အနှံ့ ဖြစ်ပါမယ်။ ဒါပေမယ့် အဆိုးဆုံး အခြေအနေက ၂၀၁၃ ဖေဖော်ဝါရီ ၁၄ ရက် ဖြစ်ပြီးတော့ အဲဒီ နေ့မှာ ကမ္ဘာဟာ Nibiru နဲ့ နေရဲ့ အကြားကို ရောက်ပါမယ်။ ဆန့်ကျင် ဆွဲငင်အားတွေကြောင့် ကမ္ဘာမှာ pole shifting အကြီး အကျယ် ဖြစ်ပြီး အဲဒီဖြစ်ရပ်က ကမ္ဘာကို အသစ် ပြန်လည် ဖွဲ့စည်း စေမှာပါ။ Nibiru ဟာ ကမ္ဘာလည်ပါတ်မှုနဲ့ ဆန့်ကျင်ဘက် လားရာကို လည် နေတာ ဖြစ်တဲ့ အတွက် မျက်နှာပြင် ဆွဲငင်အား က ကမ္ဘာကြီးကို ၃ရက်တိတိ လည်ပါတ်မှု ရပ်သွားစေပါမယ်။ အင်မတန်ကြီးမားတဲ့ ငလျှင်ကြီးတွေ လှုပ်မယ်၊ မြေပြန့်တွေ အစိတ်စိတ် အပိုင်းပိုင်း ကွဲထွက် ပြီး ကျောက်ရည်ပူတွေ တိုးထွက်မယ်၊ မီးတောင်တွေ နေရာအနှံ့ ပေါက်ကွဲမယ်၊ ကမ္ဘာ့လူဦးရေ သန်း ရာပေါင်း အနည်းငယ်သာ အသက်ရှင် ကျန်ပါမယ်။ အဲဒီနောက် ကမ္ဘာကြီးဟာ ဖြေးဖြေးချင်း အသစ် ပြန်လည် ဖွဲ့စည်းပါလိမ့်မယ်။ 2014 July 1 ရက်နေ့က စပြီး Nibiru ဟာ ကျနော် ကမ္ဘာ ပေါ်မှာ ဘာသက်ရောက်မှုမှ မရှိတော့ပဲ ကျနော်တို့နဲ့ ဝေးရာ စကြာဝဠာဆီကို ပြန်လည် ထွက်ခွါသွားပါလိမ့်မယ်။
အပေါ်မှာ ရေးပြခဲ့တာတွေကတော့ YouTube video တွေထဲက တစ်ခုကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ အရာအားလုံးသည် သင်္ခါရ ဆိုပေမဲ့ ၂၀၁၂ ဆိုတာ တော့ တော်တော် ကြီးများ စောလွန်း နေမလားလို့။ အခုစာလာ ဖတ်တဲ့ မိတ်ဆွေတွေ ရော.. ဒီကိစ္စကို ယုံလား။ paranormal.about.com မှာ အဲဒီ အကြောင်း pool လုပ်ထားတဲ့ result ကို အပေါ်ကပုံမှာ တွေ့နိုင် ပါတယ်။ ယုံကြည်တယ်၊ ဘာကြောင့်၊ မယုံ ကြည်ဘူး၊ ဘာကြောင့် ဆိုတာလေး comment ရေးပေး စေချင်ပါတယ်ဗျာ။ ကျနော့် အမြင်ကိုလည်း ပို့စ် တစ်ခုတင်ပြီး ရှင်းပေးပါ့မယ်။ ကျေးဇူး တင်ပါတယ်ဗျာ။
>>>>>
>>>>###

######……………………….ဆိုပြီးရေးကြတယ်ဗျ။

ဒီကိစ္စနဲ့ပါတ်သက်လို့ ပြောရရင်   မစိုးရိမ်ပါနဲ့လို့ပြောပါရစေ။

***1988ခုနှစ်မှာ အမေရိကန် ကွန်ကရက်က နာဆာအဖွဲ့ကို (ကမ္ဘာကိုအန္တရာယ်ပေးနှိင်လောက်အောင်
ကြီးတဲ့)ြ၈ိုဟ်တွေ။ဥက္ကာခဲကြီးတွေ
ရှာခိုင်းထားတာ ခုအချိန်ထိ ၇၀၀ ကျော်တွေ့နေပြီတဲ့။ ဒါပေမယ့် အဝေးကြီးပဲတဲ့ခင်ဗျ။
****2005မှာအချင်းပေ ၄၀၀ ကျော်တဲ့(မြို့ဖျက်အဆင့် ) ဂြိုဟ်တွေ ၊ဥက္ကာခဲတွေ ထပ်ပြီးရှာခိုင်းလို့
ဟာဝိုင်အီတက္ကသိုလ် မှ ပညာရှင် ကန်ချိန်ဘာက ဒုက္ခပေးဂြိုဟ်၁၀,၀၀၀ကို စာရင်းပြုစုထားပါတယ်တဲ့။ဲ
ဒါပေမယ့် အဲဒီအရာတွေအားလုံးဟာ (အနည်းဆုံး)နောင်နှစ်50 ထိ ကမ္ဘာနဲ့ဝင်တိုက်စရာမရှိပါဘူးတဲ့ဗျား။ ****2004 ခုနျစ်မှာရှာတွေ့ခဲ့တဲ့ အပိုဖစ်(အချင်းပေ 900) ဂြိုဟ်ငယ်တစ်လုံး တော့ 2029မှာတစ်ကြိမ်၊
2036မှာတစ်ကြိမ် ကမ္ဘာ့အနီးကဖြတ်သွားပါလိမ့်မယ်။ အဲဒီအချိန်မှာလည်း ကမ္ဘာကိုဝင်တိုက်မိဖို့က
45000ပုံ/1ပုံ သာဖြစ်နျိုင်ချေရှိပါတယ်။
.
.
.

……………………………##

အခုဆို ရန်ကုန်မှာ 2012ဆိတာရုပ်ရှင်ဇာတ်ကား။ ကမ္ဘာပျက်မယ်ဆိုတာ ရုပ်ရှင်ကြေငြာတစ်မျိုးလို့ ထင်နေကြတာ စိတ်ချမ်းသာပါတယ်။

ဒီရုပ်ရှင်ကို သူများတွေဝေဖန်ထားတဲ့စာတွေဖတ်ကြည့်ပါဦး။

ဂျာမန်ဒါရိုက်တာရဲ့ ခြောက်လှန့်မှုနှင့် 2012 ဇာတ်ကား

By တောကျောင်းဆရာ • December 13, 2009

2012
(၁)
သက်ရှိအားလုံးနဲ့ သက်ဆိုင်မယ့် ကမ္ဘာမြေကြီး ပျက်သုဉ်းခဲ့မယ်ဆိုရင်…..။

(၂)
အသက် ၅၄နှစ်ရှိပြီဖြစ်တဲ့ ဂျာမန်ဒါရိုက်တာ Roland Emmerich က
သက်ရှိလူသားတွေကို ခြောက်လှန့်လိုက်ပါတယ်။
သူက ကမ္ဘာမြေရဲ့ နောက်ဆုံးနေ့ “2012″ ဆိုတဲ့ ဇာတ်ကားကိုဖန်တီးလိုက်တာပါ။
သူရဲ့ ခြိမ်းခြောက်မှုက အတိုင်းအတာတစ်ခုအထိတော့ အောင်မြင်မှုရသွားခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာ အမှန်တကယ်ပဲ ကမ္ဘာပျက်တော့မလား လို့ထင်နေကြသူတွေအတွက်တော့ အလွန်ထိတ်လန့်စရာကောင်းခဲ့မှာ အမှန်ပါပဲ။

၂၀၁၂ခုနှစ်မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ ထင်မြင်ယူဆပြောဆိုချက်တွေ ရှိနေခဲ့တာကြာပါပြီ။
ဆက်စပ်အကြောင်း ကိစ္စတွေပေါ်လာတိုင်း ဒီသတင်းက လူတွေရဲ့
မျက်နှာစာရှေ့ရောက်လာခဲ့တာပါပဲ။ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာပျက်မယ်ဆိုတဲ့
အယူအဆက မာယာလူမျိုးစုတွေအသုံးပြုခဲ့တဲ့ ပြက္ခဒိန်နဲ့ တိုက်ရိုက်သက်ဆိုင်မှုရှိနေခဲ့ပါတယ်။
မာယာတွေ အသုံးပြုခဲ့တဲ့ ပြက္ခဒိန်က ဘီစီ ၃၁၁၄ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့(ခန့်မှန်း)မှာ
ပေါ်ပေါက်လာခဲ့ပြီး ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၂၁ရက်နေ့မှာ အဆုံးသတ်ထားပါတယ်။
ဒီအချက်ကို ကိုင်ဆုပ်ပြီး ၂၀၁၂မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ သတင်းတွေလည်း
ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် 2012 ဇာတ်ကားရုံမတင်ခင် ရက်ပိုင်းအလိုမှာ
ပိုအရှိန်ကောင်းခဲ့ပါတယ်။ နာဆာကတောင် ရှင်းယူရတဲ့ အထိပါပဲ။ နာဆာက သိပ္ပံပညာရှင်ရဲ့
မှတ်ချက်စကားကလည်း မှတ်သားစရာပါပဲ။
” ပြက္ခဒိန်ရက်စွဲကုန်လို့ ကမ္ဘာပျက်စတမ်းဆိုရင် ကျွန်တော့်စားပွဲပေါ်က
ပြက္ခဒိန်က ဒီဇင်ဘာမှာ ကုန်နေပါပြီ” ဆိုတဲ့စကားဖြစ်ပါတယ်။
မာယာပြက္ခဒိန်အကြောင်းကိုတော့ ဇာတ်ကားမှာ ရှင်းပြပြောဆိုထားခဲ့တာမရှိပါဘူး။
(ကျွန်တော်ကတော့ 2012 ဇာတ်ကားကို ကြည့်ပြီးတော့ ပြန်အလာမှာ
ပြက္ခဒိန်အသစ်တစ်ခုဝယ်လိုက်ပါတယ်။)

ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၂မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ သတင်းတွေအပေါ်မှာ
ဒါရိုက်တာ Roland Emmerich က အပြည့်အ၀ အသုံးချလိုက်နိုင်တယ်လို့
ဆိုရမှာဖြစ်ပါတယ်။ ရှေ့မှာထွက်ထားခဲ့တဲ့ Independence Day (၁၉၉၆)၊
The Day After Tomorrow (၂၀၀၄) ဇာတ်ကားတွေကို သူပဲဖန်တီးထားခဲ့တာဖြစ်ပါတယ်။
ကမ္ဘာကိုဖျက်ပြခဲ့တာကတော့ ဒုတိယအကြိမ်လို့ ပြောရင်ရနိုင်ပါတယ်။
The Day After Tomorrow ဇာတ်ကားမှာလည်း ကမ္ဘာကိုဖျက်ပြထားခဲ့ပါတယ်။
ကွာတာတစ်ခုပဲရှိပါတယ်။ ဒီတစ်ခါ ဖျက်ပြခဲ့တာ ပိုကြည့်ကောင်းတယ်ဆိုတဲ့
အချက်ပဲဖြစ်ပါတယ်။ ဇာတ်ကားကိုဖန်တီးခဲ့တဲ့ ဒါရိုက်တာရဲ့ စိတ်က
အရိုင်းဆန်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ
Godzilla(၁၉၉၈)၊ The Thirteenth Floor(၁၉၉၉)၊ The Patriot(၂၀၀၀)၊
Eight Legged Freaks (၂၀၀၂)၊ Trade (၂၀၀၇)၊ 10,000 BC (၂၀၀၈) စတဲ့
ဇာတ်ကားတွေကိုလည်း ဖန်တီးထားခဲ့ပါတယ်။

(၃)
2012 ဇာတ်ကားကို နိုဝင်ဘာလ ၁၃ရက်နေ့မှာ ရုံတင်လိုက်ပါတယ်။
အနောက်တိုင်း အယူအရ နိုဝင်ဘာ ၁၃ ရက်နေ့ဟာ ကံမကောင်းနိုင်တဲ့ ရက်ပါပဲ။
၁၃ရက်နေ့ သောကြာ ဖြစ်နေခဲ့ခြင်းပါ။ ဒါပေမယ့် ဒါရိုက်တာ Roland Emmerich ကတော့
ကံကောင်းသွားခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ၀င်ငွေကောင်းသွားခဲ့တဲ့ အတွက်ပါပဲ။

ဒီဇာတ်ကားဟာ မဖြစ်နိုင်တာတွေကို ဖြစ်လာနိုင်သလို လှည့်စားခဲ့ပါတယ်။
ကမ္ဘာပျက်မယ့်နေရက်ကို အတိအကျတွက်ချက်ပြခဲ့တဲ့ အမေရိကန်ဘူမိဗေဒပညာရှင်
Adrian Helmsley (Chiwetel Ejiofor) နဲ့ လော့အိန်ဂျလိစ်မြို့မှာနေထိုင်နေတဲ့
စာရေးဆရာ Jackson Curtis (John Cusack) တို့က ဇာတ်ကားရဲ့ အဓိက
ဇာတ်ကောင်တွေဖြစ်လာခဲ့ပါတယ်။ Adrian Helmsley ရဲ့အခန်းကဏ္ဍက
လက်သင့်ခံနိုင်ဖွယ်ရာဖြစ်ပေမယ့် Jackson Curtis ရဲ့ အခန်းကဏ္ဍနဲ့ ပြကွက်တစ်ချို့ဟာ
ယုတ္တိမတန်တာတာကို တွေ့ရပါတယ်။ သူရဲ့အခန်းတွေက ကြည့်ရှုသူတွေအတွက်
ဟာသရသကိုလည်း ပေးစွမ်းခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ ကမ္ဘာပူနွေးလာတာ သာမန်ထက်ပိုလာတာကို သတိထားမိခဲ့တယ်။
အမေရိကန်နိုင်ငံက လေ့လာနေခဲ့တာဖြစ်ပါတယ်။ ၂၀၁၀ပြည့်နှစ် G8 ထိပ်သီးဆွေးနွေးပွဲမှာ
ဒီအကြောင်းတွေကို ထည့်သွင်းဆွေးနွေးခဲ့ကြတယ်။ ဒီနောက်ပိုင်းမှာတော့
ကမ္ဘာပျက်မယ့်နေ့ရက်ကို အတိအကျသိရှိလာခဲ့ကြပါတော့တယ်။ သိလာခဲ့တဲ့ အချိန်မှာပဲ
ကမ္ဘာပျက်ခဲ့ရင် ထွက်ပြေးလွတ်မြောက်နိုင်မယ့် Space Ship တွေကို ဟိမ၀န္တာတောင်ကြောနဲ့
ဆက်စပ်နေတဲ့ တရုတ်နိုင်ငံမှာ လျို့ဝှက်တည်ဆောက်ထားခဲ့ပါကြတယ်။
ကမ္ဘာပျက်မယ်လို့ ခန့်မှန်းထားတဲ့နေ့ရက်မှာ ကြိုတင်ခန့်မှန်းထားခဲ့တဲ့အတိုင်း
ကမ္ဘာပျက်ခြင်းစတင်ပါတော့တယ်။ အမေရိကန်နိုင်ငံက စခဲ့ပါတယ်။
ကယ်လီဖိုးနီးယားမှာ ငလျင်လှုပ်ရာကနေ မြေပြို၊ ရေကြီးမှုတွေ ဖြစ်ခဲ့ပြီး
နောက်ဆုံးမှာ မြေမျက်နှာပြင်ပေါ် ရေလွှမ်းတဲ့ အဆင့်ကိုရောက်လာခဲ့ပါတယ်။
ကြိုတင်စီစဉ်ထားတဲ့ Space Ship တွေနဲ့ လွတ်မြောက်သွားခဲ့ပြီး
ရာစုသစ်ကိုရောက်ရှိနေထိုင်သွားနိုင်ခဲ့ကြတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ဒီလောက်မျှသာဖြစ်ပါတယ်။

(၄)
ပြောထက် အပြကို ဦးစားပေးသွားတဲ့ ဒီဇာတ်ကားဟာ ယုတ္တိမတန်ဘူးလို့
ဆိုရင်လည်း ရနိုင်ပါတယ်။ မဖြစ်နိုင်တာတွေလို့ ပြောရင်လည်း ရနိုင်ပါတယ်။
ဒါပေမယ့် စဉ်းစားစရာတော့ ရှိလာပါတယ်။
ဇာတ်ကားမှာပါခဲ့တဲ့ တစ်ချို့ပြကွက်တွေဟာ မေးခွန်းထုတ်စရာ ဖြစ်နေခဲ့ပါတယ်။

၁) ရုပ်ရှင်တွေမာ ပါလေ့ရှိတဲ့ အမေရိကန်သမ္မတဟာ လူဖြူသမ္မတဖြစ်လေ့ရှိပါတယ်။
ဒီဇာတ်ကားမှာပါခဲ့တဲ့ အမေရိကန် သမ္မတ Thomas Wilson (Danny Glover) ဟာ
လူမည်းဖြစ်နေပါတယ်။ ဇာတ်ကားကို စတင်ရိုက်ခဲ့တဲ့ အချိန်က ၂၀၀၈ခုနှစ် သြဂုတ်လက
ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဘားရတ်အိုဘားမား ဟာ ၂၀၀၉ခုနှစ် ဇန်န၀ါရီလ ၂၀ရက်နေ့မှာ
အမေရိကန်နိုင်ငံရဲ့ ပထမဆုံးသော လူမည်းသမ္မတဖြစ်လာခဲ့ပါတယ်။

၂) ကမ္ဘာပျက်မယ့်နေ့ရက်နဲ့ ထွက်ပြေးလွတ်မြောက်ဖို့ အစီအစဉ်တွေကို
G8 (ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ အင်္ဂလန်၊ အမေရိကန်၊ ကနေဒါနှင့် ရုရှား) နိုင်ငံတွေကသာ အသေးစိတ်သိခဲ့ကြပါတယ်။ ထွက်ပြေးရာမှာ အသုံးပြုမယ့် Space Ship တွေကိုတော့ လူအင်အား လေးသိန်းကျော်အသုံးပြုပြီး တရုတ်နိုင်ငံမှာ လျို့ဝှက်တည် ဆောက်ခဲ့ကြပါတယ်။

၃) Space Ship တွေဟာ တိဘက်နယ်ရဲ့ ဟိမ၀န္တာတောင်ကြောမှာ
တည်ဆောက်ခဲ့ကြပါတယ်။ Space Ship တွေကို တရုတ်(တိဘက်)မှာ တည်ဆောက်ဖို့
စဉ်းစားခဲ့တာဟာ ရှန်ဂရီလာအယူအဆနဲ့ ဆက်စပ်မှုရှိနေနိုင်ပါတယ်။ ဇာတ်ကားမှာပါဝင်တဲ့
အခန်းတစ်ခန်း( စာရေးဆရာ Jackson Curtis တို့လေယာဉ်ပျက်ကျပြီး
တရုတ်နိုင်ငံထဲရောက်လာတဲ့အခန်း) ဟာ Lost Horizon (၁၉၃၇)ဇာတ်ကားထဲမှာ
လေယဉ်ပျက်ကျပြီး ရှန်ဂရီလာကို ရောက်ရှိသွားတဲ့ ဇာတ်ဝင်ခန်းနဲ့ဆင်နေပါတယ်။

၎) Space Ship တွေရဲ့ အပြင်ဘက်ပုံသဏ္ဍာန်ဟာ လှေတစင်းလိုပုံစံရှိနေခဲ့ပါတယ်။
ဒီအသွင်ဟာ ခရစ်ယန်သမ္မာကျမ်းစာထဲက နောဧလှေရဲ့ ဖွင့်ဆိုချက်ကို
ယူထားခဲ့ပုံရပါတယ်။

၅) မြေပြင်ရေလွှမ်းတဲ့အခါ လှေကြီးတစ်စင်းနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတဲ့
အယူအဆဟာEvan Almighty (၂၀၀၇) ဇာတ်ကားမှာ ရိုက်ကူးပြသထားခဲ့ပြီးဖြစ်ပါတယ်။

ဖော်ပြခဲ့တဲ့ အချက် ၅ ချက်က ဇာတ်ကားနဲ့ပတ်သက်ပြီး စဉ်းစားနိုင်စရာတွေဖြစ်ပါတယ်။
ဒီအချက်တွေနဲ့ပတ်သက်ပြီး သဲကွဲတဲ့ ရှင်းလင်းချက်တွေကိုတော့
ဒါရိုက်တာ Roland Emmerich က ရှင်းပြမထားခဲ့ပါဘူး။

(၅)
” ကျွန်တော့်အနေနဲ့ ကမ္ဘာကြီးရဲ့ ကြွယ်ဝမှုတစ်စုံတစ်ရာကို
Independence Day ဇာတ်ကားမှာ ပြောခဲ့ပါတယ်။ Day After Tomorrow ဇာတ်ကားမှာတော့ ကျွန်တော်တို့ပြုလုပ်နေတာတွေကို မရပ်နိုင်တော့ဘူးဆိုရင် ဒီလိုအနေအထားကို
မလွဲမသွေသွားရတော့မယ်ဆိုတာ ကိုပြောခဲ့ပါတယ်။ 2012 ဇာတ်ကားကတော့
ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ကျွန်တော်တို့တွေ ဒီလိုအခြေအနေကို
သွားကို သွားရလိမ့်မယ်လို့ ပြောခဲ့တာပဲ ဖြစ်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့
နောက်တစ်ကြိမ် ကမ္ဘာကိုဖျက်ပြဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး” လို့
ဒါရိုက်တာ Roland Emmerich ကပြောဆိုထားခဲ့ပါတယ်။

အခြားအင်တာဗျူးတစ်ခုမှာတော့ ဒီဇာတ်ကားဟာ ဖျော်ဖြေမှုအတွက်ပါပဲလို့
ဆိုထားခဲ့ပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူအနေနဲ့ 2012 ဇာတ်ကားကို ဖန်တီးခဲ့ရာမှာ
ပေးချင်တာတွေ များခဲ့ပုံရပါတယ်။ သာမန်အကြမ်းပတမ်းဇာတ်ကားတစ်ကားထက် ပိုတဲ့ အနေအထားမျိုးရောက်အောင် ဦးတည်ခဲ့တာ တွေ့ရပါတယ်။
လူတွေရဲ့လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်၊ ဒါတွေကိုလည်းပြနိုင်ခဲ့ပါတယ်။

ဇာတ်ကားရဲ့ အဆုံးပိုင်းမှာတော့ ရာစုသစ်ဆီကို ရောက်ရှိသွားနိုင်ခဲ့တယ်လို့
ဆိုထားပါတယ်။ ဒီအချက်ဟာ ကမ္ဘာပျက်၊ မပျက်ဆိုတဲ့ အပေါ်မှာ သဲကွဲမှုဖြစ်ပေါ်စေခဲ့ပါတယ်။
ကမ္ဘာပျက်ဖို့အတွက် အကြောင်းသုံးပါးပဲ ရှိတယ်လို့ မှတ်သားဖူးပါတယ်။
ရေကြောင့်၊ လေကြောင့်၊ မီးကြောင့် ဖြစ်ပါတယ်။ ဒီသုံးပါးထဲက တစ်ပါးပါးကြောင့်
ကမ္ဘာပျက်ခဲ့တယ်ဆိုရင်တော့ ကမ္ဘာဟာ ဘယ်လိုမှ ပြန်မကောင်းလာနိုင်တော့ပါဘူး။
အသစ်တဖန်ပြန်မဖြစ်တဲ့ အလုံးစုံပျက်သုဉ်းခြင်းနဲ့ နိဂုံးချုပ်မှာဖြစ်ပါတယ်။
2012 ဇာတ်ကားမှာ ပြခဲ့တာကတော့ ကမ္ဘာပျက်ခြင်းမဟုတ်ပါဘူး။
ကမ္ဘာမှာ ကပ်ဘေးတစ်ခုဆိုက်ရောက်သွားခဲ့တယ်လို့ပဲ ဆိုနိုင်မှာ ဖြစ်ပါတယ်။
ဒီအချက်ဟာ ရာစုသစ်ကိုရောက်သွားတယ်ဆိုတဲ့ ဇာတ်ကားအဆုံးသတ်ကြောင့်ပဲဖြစ်ပါတယ်။

“ဟုတ်ကဲ့၊ ဒီဇာတ်ကားဟာ ကမ္ဘာကြီးရဲ့ နောက်ဆုံးအချိန်ကိုပြခဲ့တာပါ။
ဒါပေမယ့်.. အဲ့ဒီစကားကို ပရိသတ်တွေက ပြောခဲ့တာဖြစ်ပါတယ်” လို့
ဒါရိုက်တာ ဒါရိုက်တာ Roland Emmerich ကတော့ ဆိုထားခဲ့ပါတယ်။

တောကျောင်း
၂၀၀၉ခုနှစ်၊ နိုဝင်ဘာလ။

Ref:
http://www.imdb.com
http://www.nytimes.com
http://www.guardian.co.uk
http://en.wikipedia.org

Categories: ရုပ်ရှင်
Tags:






အားလုံး ဗဟုသုတအပေါင်းပြည့်စုံနှိင်ကြပါစေ။

ကိုဗားမား

gg

gg

%d bloggers like this: